နောက်ဆုံးသတင်း - မြန်မာ

Thursday 29 April 2010

နယ်ခြားစောင့်တပ်ဖွဲ့ရန် ဒီကေဘီအေက ယေဘုယျ သဘောတူထား

ဧပြီလ ၂၈ရက်။ နန်းထူးစံ (ကေအိုင်စီ)

နအဖ စစ်အစိုးရတို့ ကမ်းလှမ်းထားသည့် အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသား တပ်မတော် (ဒီကေဘီအေ)က ယေဘုယျအားဖြင့် သဘောတူထားကြောင်း သိရသည်။

ယမန်နေ့က ဒီကေဘီအေ ဌာနချုပ်တည်ရှိရာ မြိုင်ကြီးငူအထူးဒေသတွင် ဒီကေဘီအေ အရာရှိကြီးများနှင့် နအဖ အရှေ့တောင် တိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်း ဦးဆောင်သောအဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှ ယင်းသို့ သဘောတူထားခြင်းဖြစ် သည်ဟု အစည်းအဝေးကို တက်ရောက်ခဲ့သူ ဒီကေဘီအေ တပ်မဟာ (၉၉၉)မှ တပ်ရင်းမှူးတဦးက ယခုလို ပြောဆိုသည်။

သူက “မနေ့က အစည်းအဝေးမှာ ဘုန်းကြီး မပါပေမယ့် ဒီကေဘီအေ ခေါင်းဆောင်အားလုံးနီးပါး ပါတယ်။ နအဖ ဘက်ကတော့ ဒု တိုင်းမှူးနဲ့အဖွဲ့ ပါတယ်။ ကျနော်တို့ ဆွေးနွေးပြီး သဘောတူကြတာဖြစ်တယ်။ ဒီလိုဆွေးနွေးရာမှာ ကျနော်တို့ ဌာနချုပ်ကို ဘယ်နေ ရာမှာ ထားမလဲ။ တပ်တွေကို ဘယ်လိုနေရာယူရမလဲ စတာတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်”ဟု ကေအိုင်စီကို ယနေ့ ပြောဆို သည်။

ယနေ့သည် စစ်အစိုးရက အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် သတ်မှတ်ထားသည့် အတွက် အဆိုပါအစည်းအဝေးသို့ တက်ရောက်သည့် ဒီကေဘီအေခေါင်းဆောင်များက သဘောတူလိုက်ခြင်းဖြစ်ပြီး ဒီကေဘီအေ မှ ၎င်းတို့၏လုပ်ပိုင်ခွင့်အချို့ကို နအဖဘက်မှ မဆုံးဖြတ်ပေးနိုင်သေးသဖြင့် ဗိုလ်ချုပ်ရဲမြင့်နှင့် ပြောဆိုရမည်ဟု တပ်မှူးတဦးက ပြော သည်။

သို့သော်လည်း ထိုနယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအစီအစဉ်ကို သဘောမတူသည့် ဒီကေဘီအေ အဖွဲ့ဝင်များလည်းရှိပြီး ဒီ ကေဘီအေ တပ်မဟာ (၅)မှူး ဗိုလ်မှူးကြီးစောလားပွယ်နှင့် ကလိုထူးဘော ဗျူဟာမှူး ဒုဗိုလ်မှူးကြီး စောမုတ်သုန်တို့က ယမန်နေ့ အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိကြောင်း နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဒီကေဘီအေက လက်ခံသဘောတူလိုက်သော်လည်း ၂၀၀၇ခုနှစ် က စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် ကေအဲန်ယူ-ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီက လုံးဝ လက်မခံနိုင်ကြောင်း ယခုလ ၂၂ရက်နေ့က နအဖ ဗိုလ်ချုပ်ရဲမြင့်ထံသို့ စာရေးသားပေးပို့ခဲ့သည်ဟု သိရသည်။

Monday 26 April 2010

နယ်ခြားစောင့်တပ် လက်မခံသည့် ကရင်အဖွဲ့၏ စီးပွားရေးလုပ်ငန်းများ စတင် ကန့်သတ်ပိတ်ပင်ခံရ

ရဲရင့် / ၂၆ ဧပြီ ၂ဝ၁ဝ [ခေတ်ပြိုင်]

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံသည့် စောဌေးမောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့၏ စီးပွားရေးလုပ်ငန်းများကို နအဖက စတင်ကန့်သတ် ပိတ်ပင်လိုက်သည်ဟု အဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါအဖွဲ့မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတဦးက “မနေ့တနေ့က စပြီး မြ၀တီကနေ အောက်ကို ကုန်ပစ္စည်းပို့တဲ့ ကားကြီးတွေကို ခွင့်မပြုတော့ဘူး။ နောက်ပြီး မကြာခင်မှာ ကျနော်တို့ရဲ့ ခရီးသည်တင်ကား ပြေးဆွဲမှုတွေလည်း ရပ်ထားရတော့မယ်လို့ သတင်းရထားတယ်။ အဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ အဖိုးစောဌေးမောင်ကတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရမယ့်ကိစ္စကို လုံးဝလက်မခံဘူး။ ဒါကြောင့် ကျနော်တို့အဖွဲ့ကို အခုလိုမျိုး ပြဿနာ စလုပ်တာဖြစ်တယ်” ဟု ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က နအဖ၏အမိန့်ကို လက်မခံရခြင်းမှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပါက လက်ရှိ မိမိတို့အဖွဲ့အစည်း၏အမည်၊ အဖွဲ့၏အလံအပါအ၀င် တပ်ဖွဲ့အမှတ်အသားများနှင့် တပ်ဖွဲ့ဝင်များ၏ စစ်ယူနီဖောင်းမှအစ ပြောင်းလဲဝတ်ဆင်ရမည်ဖြစ်ပြီး နအဖအပေါ် သစ္စာရှိပါမည်ဟု ကတိပြုကြရမည် ဖြစ်သည့်အတွက် မိမိတို့ရည်ရွယ်ချက်များနှင့် လုံးဝသွေဖည်သဖြင့် လက်မခံခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအပါအ၀င် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကျန်ရှိနေသည့် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို ယခုလ (၂၈) ရက်တွင် နောက်ဆုံးထား၍ အသွင်ပြောင်းပေးရမည်ဟု အမိန့်ထုတ်ထားပြီး လက်မခံသည့် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် ကြေညာသွားမည်ဖြစ်ကြောင်း နအဖစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ခြိမ်းခြောက်ပြောဆိုထားသည်ဟု အပစ်ရပ်အဖွဲ့များက ပြောသည်။

စောဌေးမောင်အဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ်အသွင်ပြောင်းခြင်းကို လက်မခံပါက ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်သည်ဟု နအဖက ပြောဆိုလာသော်လည်း မည်သည့်ပြောင်းလဲဖွဲ့စည်းမှုကိုမှ လက်မခံဟု ကရင်ငြိမ်းချမ်းရေးကောင်စီက ပြောကြားလိုက်သည်။

နယ်ခြားစောင့်တပ်အဖြစ် လက်မခံသည့်ကိစ္စကို ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ၎င်းတို့ဌာနချုပ်တည်ရှိရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးကျေးရွာတွင် ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံအချို့တို့အား အသိပေးသည့် ရှင်းလင်းပွဲတရပ်ကို ယနေ့ပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် ကရင်ငြိမ်းချမ်းရေးကောင်စီက နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းကို လက်မခံဘဲ ကရင်အာဇာနည် ဖြစ်သည့် စောဘဦးကြီး ချမှတ်သွားသည့် လက်နက်ချစကား အလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲ ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်၊ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်ဆိုသည့် မူ (၄) ချက်ကို ဆက်လက် ကိုင်စွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

နအဖ၏နယ်ခြားစောင့်တပ်တွင် အပစ်ရပ်အဖွဲ့များမှ အသက် (၄၀) အောက်များကိုသာ လက်ခံပြီး ကန့်သတ်အသက် ကျော်လွန်သည့် ကျန်တပ်ဖွဲ့ဝင်များမှာ အဖွဲ့မှ ထွက်ပေးရမည်ဖြစ်ကာ ၎င်းတို့ဖွဲ့စည်းပေးသည့် တပ်ဖွဲ့ဝင် အရေအတွက်အတိုင်း ထုတ်ပေးသည့် လက်နက်များကိုသာ ကိုင်ဆောင်ရမည်ဖြစ်ပြီး အပစ်ရပ်အဖွဲ့များရှိ လက်နက်အားလုံးကို နအဖထံ ပေးအပ်ရမည်ဟု မွန်အပစ်ရပ်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံနိုင်ကြောင်း ယမန်နှစ် နှစ်ကုန်ပိုင်း ဘားအံမြို့၌ နအဖအဆင့်မြင့် ဗိုလ်ချုပ်ကြီးများနှင့် ဆွေးနွေးခဲ့ရာတွင် စောဌေးမောင်က ပြောကြားထားပြီးဖြစ်သည်။

စောဌေးမောင်နှင့်အဖွဲ့သည် ၂၀၀၇ ခုနှစ်က ကေအန်ယူမှခွဲထွက်ပြီး နအဖနှင့်ပူးပေါင်းကာ ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်သည်။

စစ်အစိုးရတပ်တွေ ၀ စခန်းကို ပစ်ခတ်တိုက်ခိုက်

၂၀၁၀ ခုနှစ် ဧပြီလ ၂၅ ရက် [RFA]
ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင်များကို မိုင်းယောင်းမြို့တွင် စစ်လက်နက် ကိရိယာ အပြည့်အစုံဖြင့် တွေ့ရပုံ ဖြစ်ပါသည်။ (Photo:AFP)

စစ်အစိုးရတပ်ဖြဲႛတေကြ ၀ူပည် သြေးစည်းညီင်္ီတ်ြရေး တပ္ဖဲၾႛေတၾကုိ မေနႛက စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ေုကာင်း သတင်းရရြိပၝတယ်။

ဧ္ဘပီလ ၂၃ ရက်နေႛက ညနေပိုင်းက ရမြ်ူးပည်တောင်ပိုင်းအေူခစိုက် ၀သပ တပ်ရင်း အမတြ် ၁၇၁ ကို စစ်အစိုးရတပ်တေကြ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတကြ် ပထမ တဋ္ဌကိမ် ၁၅ မိနစ်လောက် အူပန်အလနြ် ပစ်ခတ်တိုက်ခိုက်ခဲ့္ဘပီး ဒုတိယအဋ္ဌကိမ် ၁၀ မိနစ်လောက် အူပန်အလနြ် တိုက်ပြဲူဖစ်ပြားခဲ့ေုကာင်း ၀ တပ် အရာရြိနဲႛ ဆက်သယ်ြမေူးမန်း္ဘပီး ရမြ်းသံတော်ဆင့်သတင်းက ရေးသားဖော်ူပထားပၝတယ်။

တိုက်ူဖစ်ပြားရာနေရာတေကြတော့ ထိုင်ူးမန်မာနယ်စပ် ထိုင်းဘက်ူခမ်းက မယ်အီနဲႛ မဵက်ြိာံခဵင်းဆိုင် လောက်မြာရြိတဲ့ ရမြ်ူးပည်တောင်ပိုင်း မိုင်းဆပ်္ဘမြိႛနယ်အတငြ်ူးဖစ်ပြားခဲ့တာပၝ။

တိုက်ပြဲူဖစ်ပြား္ဘပီးနောက်ူမန်မာစစ်အစိုးရတပ်ဘက်ကေူပာဆိုရာမြာ SSA တောင်ပိုင်း တပ်တေလြိုႛ ထင်တဲ့အတကြ် မြားယငြ်း တိုက်ခိုက်မိတာူဖစ်ေုကာင်း ၀သပ ကို အေုကာင်ုးကားခဲ့တယ်လိုႛ ဆိုပၝတယ်။ ဒၝပေမယ့် ၀တပ်မြးကေူပာဆိုရာမြာတော့ ၀တပ်တေမြနြ်း သိလဵက္နဲႛ ရည္ရၾယ္ခဵက္နဲႛ ပစ်ခတ် တိုက်ခိုက်တာူဖစ်ေုကာင်း၊ ဒီဒေသမြာ ၀ တပ်ရင်းအမတြ် ၁၇၁ အေူခခဵ လပ်ြရြားနေတာ ၁၀ိံစ်ြကေဵာ် ရြ္ဘိပီူဖစ်တဲ့အတကြ် စစ်အစိုးရတပ်တေဟြာ ၀ တပ်တေမြနြ်း သိထား္ဘပီူဖစ်တယ်လိုႛေူပာဆိုပၝတယ်။

္ဘပီးခဲ့တဲ့ ၂၂ ရက်နေႛဟာ နယ်ူခားစောင့်တပ် အသငြ်ေူပာင်းရေးအတကြ် နောက်ဆုံးသတ်မတ်ြရက်ူဖစ်ေုကာင်း၊ ဒၝပေမယ့် ၀သပ ဘက်က ဘာမြ အေုကာင်းမူပန်တဲ့အတကြ် အခုလို တိုက်ခိုက်လာတာူဖစိုံင်ေုကာင်း အမည်မဖော်လိုတဲ့ ၀အရာရြိကေူပာပၝတယ်။

႓ပီးခဲ့တဲ့ ဧ႓ပီလ ၃ ရက္ေနႛက အခဵက္ ၈ ခဵက္ပၝဝင္တဲ့ တင္ဴပခဵက္တရပ္ကုိ ၀ ဘက္က စစ္အစုိးရထံ တင်ူပခဲ့္ဘပီး နောက်ပိုင်းကတည်းက ၀ ဘက်က ဆက်လက် ဆြေးြေိံးအေုကာင်ူးပန်ုကာူးခင်း မရြိတော့တာူဖစ်ပၝတယ်။

Saturday 24 April 2010

စစ်တွေမြို့ လျှပ်စစ်မီးရရှိရေး အမျိုးသမီး ၅၀၀ ကျော် ဆန္ဒပြ

2010-04-23 [RFA]

လျှပ်စစ်မီးများ ထိန်ညီးနေသော နေပြည်တော်မြို့သစ်ကို ၂၀၀၈ မတ်လ ၂၇ ရက်နေ့က တွေ့မြင်ရပုံဖြစ်ပါသည်။ နေပြည်တော်မှလွဲ၍ ရန်ကုန်မြို့ကြီးနှင့်တကွ အခြားမြို့ရွာများတွင် လျှပ်စစ်မီး ပုံမှန်မရရှိပါ။ (Photo: AFP)

ရခိုင်ူပည်နယ် စစ်တ္ဘြေမြိႚက အမဵြိးသမီး ၅၀၀ ကေဵာ်လောက်ဟာ ဧ္ဘပီလ ၂၁ရက်နေႛ ညပိုင်းမြာ လ္တွပ်စစ်မီးရရြိရေး အတက်ြဆ္ဘိုပီး ရပ်ကက်ြတငြ်းလညြ့်လည် ဆိံ္ဋူပတဲ့ လပ်ြရြားမြူပလြုပ်ခဲ့တယ်လိုႛ RFA က စုံစမ်း သိရြိရပၝတယ်။

ခုလိုအိမ်ရင်ြမတေရြဲ့ ဆိံ္ဋူပမြူဖစ်ပြားခဲ့တာနဲႛ ပတ်သက်္ဘပီး ဒေသခံတဦးက အခုလိုေူပာူပပၝတယ်။

“ဒီလ ၂၁ရက်နေႛ ညရစ်ြနာခြဲမြာ စစ်တ္ဘြေမြိႚ ကန်တန်းရပ်ကက်ြက အမဵိႂးသမီး ငၝးရာေဴခာက္ရာေလာက္က ညအခဵိန္မႀာ သူတိုႛ မီးမရတာ လေးလလောက် ရြ္ဘိပီူဖစ်တဲ့အတကြ်ေုကာင့် လ္တွပ်စစ်မီးရရြိ ရေးအတကြ် ကုန်တန်းရပ်ကက်ြတငြ်းမြာ ရြိတဲ့ လမ်းတေပြေၞမြာ လ္တွောက်္ဘပီးတော့ လညြ့်လည်္ဘပီးတော့ အော်ဟစ်ဆိံ္ဋူပတယ်။ တူခားနေရာတေတြော့ မသြားဘူးခင်ဗဵ။ ဆယ်နာရီဝန်းကဵင်လောက်မြာ သူတိုႛ္ဘငိမ်း္ဘငိမ်းခဵမ်းခဵမ်းနဲႛူပန်သြားတယ်ခင်ဗဵ။”

စစ်တ္ဘြေမြိႚအပၝအဝင်ူမန်မိာိုံင်ငံမြာ တိုံင်ငံလုံး အတိုင်းအတာနဲႛ အမတြ် ၂ လ္တွပ်စစ် စမြ်းအားဝန်ဋ္ဌကီးဌာန အမိန်ႛနဲႛ အခိုံစြ် မတ်လကုန်ပိုင်းကစလိုႛ လ္တွပ်စစ်မီတာ စောင့်ရြောက်ခတြေ တိုးမၟင့်ကောက်ခံခဲ့ပေမဲ့ အခုခဵိန်ထိ စစ်တ္ဘြေမြိႚမြာ လ္တွပ်စစ်မီး မရတဲ့အတကြ် ဒေသခံ အိမ်ရင်ြမတြေ မကေဵမနပ်ူဖစ်္ဘပီး အခုလို ဆိံ္ဋူပခဲ့တာူဖစ်ပၝတယ်။

အခုလို အမဵြိးသမီးအိမ်ရင်ြမတြေ ဆိံ္ဋူပအ္ဘပီး နောက်တရက်မြာ ဒေသအာဏာပိုင်တေကြ လုံ္ဘခံရြေးတြေ တင်းတင်းကဵပ်ကဵပ် ခဵထားတဲ့ အေူခအနေကိုလည်း စောစောက ဒေသခံကပဲ ဆက်ေူပာပၝတယ်။

“အဲဒီနေႛညက ဆိံ္ဋူပခဲ့တဲ့ အမဵြိးသမီးတေကြို တစုံတရာ အရေးယူခင်း မရြိခဲ့ဘူး၊ ဒၝေပမဲ့ မေနႛက ႎႀစ္ဆယ့္ႎႀစ္ရက္ေနႛကဵေတာ့ စခန္းမႀႃးအပၝအဝင္ ရဲတပ္ဖၾဲႚဝင္ေတၾအားလံုး အဲဒီရပ္ကၾက္ကို လံု႓ခံႂေရးအဴပည့္ ခဵထားတယ္ခင္ဗဵ။ ဒီတပတ်အတငြ်းမြာ လ္တွပ်စစ်မီးရရြိရေးအတကြ် တစုံတရာ အရေးယူဆောင်႟က်ြမြ မရြိဘူးဆိုရင် သံဃာတော်တေအြပၝအဝင် အားလုံးစုဝေး္ဘပီးတော့ ဒီထက်ဋ္ဌကီးကဵယ်တဲ့ ဆိံ္ဋူပပြဲတေကြိုေူပာင်ေူပာင်တင်းတင်း ဆက္လုပ္သၾားမယ္လိုႛ ေဴပာတယ္ခင္ဗဵ။”

ပြည်သူ့စစ်ပြောင်းရန် မွန်ပြည်သစ် ငြင်းဆို

ဖနိဒါ | သောကြာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၀ ခုနှစ် [မဇျွိမ]

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆိုနေသော မွန်ပြည်သစ်ပါတီ New Mon State Party (NMSP) က ပြည်သူ့စစ်အဖြစ် ပြောင်းလဲရေးကိုလည်း လက်မခံကြောင်း ပါတီတာဝန်ရှိသူက ယနေ့ ပြောဆိုလိုက်သည်။

ယခင်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ဖိအားပေးနေရာမှ ယခုလ ၇ ရက်နေ့ ၌ စရဖ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က NMSP ဒုဥက္ကဌနိုင်ရော့စ ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် မော်လမြိုင် မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ် မပြောင်းလိုပါက ပြည်သူ့စစ် အသွင်ပြောင်းရန် ပြောဆိုခဲ့သည်ဟု NMSP ပြောခွင့်ရ နိုင်ခြေးမွန်က ဆိုသည်။

ပြည်သူ့စစ် အသွင်ပြောင်းရန်ကိုလည်း ယနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် ရာဇသံပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် NMSP ပါတီဌာနချုပ်ရှိရာ ရေးမြို့နယ် ရေးချောင်းဖျားဒေသတွင် ယခုလ ၂၁ ရက်နေ့က ဗဟိုအလုပ် အမှုဆောင် အရေးပေါ် အစည်းအဝေးမှ ပြည်သူ့စစ်အဖြစ် ပြောင်းလဲရန် လက်မခံနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

ယင်းဆုံးဖြတ်ချက်အား NMSP မှ ကျန်းမာရေးဌာန တာဝန်ခံ ဗိုလ်မှူးနိုင်လှက အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းထံ ယမန်နေ့ စာဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံနိုင်ကြောင်း ထုတ်ပြန်သည့် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို လည်း ထိုင်းနယ်စပ် တနေရာတွင် ယနေ့ ပြုလုပ်ခဲ့သည်။

နိုင်ခြေးမွန်က “အမျိုးသား အခွင့်အရေး ပြဿနာကို ပြေလည်အောင် မဖြေရှင်းပေးနိုင်ခင် တပ်ဖွဲ့များ အသွင်ပြောင်းရန် များစွာ အခက်အခဲ ရှိပါသည်။ မွန်ပြည်သစ်ပါတီနှင့် တပ်ဖွဲ့ဝင်များ၊ မွန်မျိုးချစ် ပြည်သူ များအနေဖြင့် ပြည်သူ့စစ်ကို လက်ခံလိုသော ဆန္ဒမရှိပါ” ဟု ယနေ့ သတင်းစာရှင်းပွဲ၌ ပြောသည်။

မွန်ပြည်သစ်ပါတီက ၁၉၉၅ ခု အပစ်ရပ်ဆဲစဉ်က စစ်အစိုးရ အကြီးအကဲများက သဘောထား ပေးထားသည့်အတိုင်း နိုင်ငံရေး ကိစ္စများကို နောင်တက်လာမည့် ဒီမိုကရေစီ အစိုးရသစ်နှင့်သာ ညှိနှိုင်းဆွေးနွေးမည်ဟုလည်း ဆိုသည်။

ထို့ပြင် လက်ရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ အုပ်ချုပ် ကွပ်ကဲမှုအောက်တွင် ထားရှိသင့်ကြောင်းလည်း ပြောသည်။

စစ်အစိုးရလက်အောက်သို့ သွတ်သွင်းမည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်တခုတွင် အင်အား ၃၂၆ ဦး ပါဝင်ပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ အုပ်ချုပ်ရေးအပိုင်းမှ အရာရှိ ၃၀ ကို ထည့်သွင်းမည် ဖြစ်သည်။

ယနေ့တွင် ရေးချောင်းဖျား အရှေ့ဘက်ရှိ တပျို့ချောင်း Beeree Camp (မွန်ဘာသာဖြင့် တိုးဟပယောက်) ရှိ ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ် နိုင်ထောမော် နေထိုင်သော မွန်ပြည်သစ်ပါတီရုံးအနီးတွင် နအဖ စစ်သားများ ရောက်ရှိလာကြောင်း မဇ္ဈိမမှ စုံစမ်း သိရှိရသည်။

လက်နက်ကိုင် စစ်သည်အင်အား ၇၀၀ ခန့်ရှိ NMSP က ထိန်းချုပ်နယ်မြေ မော်လမြိင်ခရိုင်၊ ထားဝယ်ခရိုင်၊ သထုံခရိုင်၊ ရေးချောင်းဖျားရှိ ဗဟိုကွင်၊ ဘုရားသုံးဆူဒေသများ ဖြစ်သည်။

စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲပြုလုပ်သော်လည်း မြန်မာပြည် နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း မဟုတ်ကြောင်းလည်း ထုတ်ဖော် ပြောဆိုထားသည်။

NMSP ပါတီသည် အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမျိုးသားညီလာခံ၏ လုပ်ထုံး လုပ်နည်းများအပေါ် သဘောမတူသဖြင့် အမျိုးသားညီလာခံမှ ပြန်ထွက်ကာ လေ့လာသူ အဖြစ်သာ ဆက်လက် တက်ရောက်ခဲ့သည်။

၁၉၅၈ ခုနှစ်အတွင်း တည်ထောင်ခဲ့သည့် NMSP သည် မွန်အမျိုးသားများ အပါအဝင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် လမ်းစဉ်ဖြင့် တိုက်ပွဲဝင်ခဲ့ရာမှ ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ်အခတ်ရပ်စဲခဲ့သည်။

Friday 23 April 2010

နယ်ခြားစောင့်တပ်ကိစ္စကြောင့် ဒီကေဘီအေအတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်နိုင်

ရဲရင့်/ ၂၃ ဧပြီ ၂ဝ၁ဝ ခုနှစ် [ခေတ်ပြိုင်]


[DKBA တပ်ဖွဲ့ဝင်များ]
လာမည့် ဧပြီ (၂၄) တွင် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့သည် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမည်ကို တရားဝင် အသိပေးကြေညာတော့မည် ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များအတွင်း လက်ခံသူနှင့် လက်မခံသူတို့အကြား သွေးထွက်သံယိုမှုများ ဖြစ်ပွားနိုင်သည်ဟု အဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။

အဆိုပါ ဒီကေဘီအေခေါင်းဆောင်က “အသွင်ပြောင်းရင်တော့ ပြဿနာက တက်ပြီ။ ကျနော်တို့မှာ လက်နက်လူသူအင်အား တပ်ဖွဲ့ဝင်(၅) ထောင် အနည်းဆုံးရှိတယ်။ နယ်ခြားစောင့်တပ်ကို တပ်ရင်း (၃) ရင်းအတွက် အများဆုံး တပ်ဖွဲ့ဝင်အင်အား (၁) ထောင်လောက်ပဲယူမယ်၊ ကျန်တဲ့လူတွေရဲ့လက်နက်တွေကို အစိုးရဆီ အကုန်အပ်ရမယ်ဆိုတော့ ဒီအပေါ်မှာ မကျေနပ်တဲ့ လူတွေက တပ်ရင်းတပ်ဖွဲ့နဲ့ကို ရှိတယ်ဆိုတော့ အနေအထားက အချိန်မရွေး ပေါက်ကွဲဖို့ရှိတယ်” ဟု ပြောသည်။

နအဖက ယခုအနေအထားသို့ ရောက်ရှိလာရန် ဒီကေဘီအေ ခေါင်းဆောင်ပိုင်း အများစုကို စီးပွားရေးမက်လုံးများဖြင့် သိမ်းသွင်းထားပြီး ဖြစ်သည့်အတွက် နအဖ အလိုကျ လက်ခံခြင်းမှလွဲ၍ အခြားနည်းလမ်းများ မရှိတော့ဟုလည်း ၎င်းက ပြောသည်။

“ခေါင်းဆောင်အများစုက ဘားအံ၊ မော်လမြိုင်၊ ရန်ကုန် လိုနေရာတွေမှာ တိုက်နဲ့ကားနဲ့ ပြီးတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆိုတော့ ဘယ်သူမှ ကိုယ်ကျိုးစွန့်ကြတော့မှာ မဟုတ်ဘူး။ အခုပြဿနာက အောက်လက်ငယ်သားတွေ ဒုက္ခရောက်ပြီး ဘ၀ပျက်ရမယ့် အနေအထားဖြစ်သွားပြီဆိုတော့ ဒီပွဲက အတော်ကြမ်းမယ့် သဘောရှိတယ်” ဟုလည်း ဒီကေဘီအေ ခေါင်းဆောင်က ဆက်ပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် လက်မခံလိုသူများထဲတွင် အဆင့်မြင့်ခေါင်းဆောင်များနှင့် လူငယ်တပ်မှူးအများစု ပါဝင်ပြီး လက်နက်အပ်၍ အညံ့ခံရမည့်အစီအစဉ်ကို လက်မခံဘဲ တောပြန်ခိုမည့် တပ်ဖွဲ့ဝင်များလည်း ရှိသည်။

တပ်ဖွဲ့ဝင်တဦးက “တောထဲကနေ မြို့ပေါ်ပြန်ရောက်တာ (၁၅) နှစ်ရှိပြီ။ အမျိုးသားရေးအတွက် ဘာမှမလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ပါလာတဲ့လက်နက်တောင် သူတို့ကိုပေးပြီး ကိုယ်က ကျွန်ဖြစ်ရမယ့်ဘ၀တော့ လက်မခံနိုင်ဘူး။ လာရာလမ်း ပြန်သင့်ရင် ပြန်ရမှာပဲ။ ဒီကေဘီအေမှာ လူတိုင်း အချောင်သမားမဟုတ်ဘူး” ဟု ပြောသည်။

လက်ရှိ အခြေအနေနှင့်ပတ်သက်၍ ဒီကေဘီအေဌာနချုပ်သို့ တယ်လီဖုန်းဖြင့် ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍မရရှိခဲ့ပေ။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်းနယ်စပ်အနီးတွင် ရှေ့တန်းရောက်ရှိနေသည် ဒီကေဘီအေ (၉၉၉) တပ်မဟာမှ အရာရှိတဦးက “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဆီကို ဘာညွှန်ကြားချက်မှ မလာသေးဘူး” ဟု ပြောသည်။

နအဖနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နအဖအစီအမံဖြင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို (ဒီကေဘီအေ) အဖွဲ့သည် ပထမဦးဆုံး လက်ခံခဲ့သည့်အဖွဲ့ဖြစ်သည်။

ကျန်အဖွဲ့များမှာ ယခုလ (၂၈) ရက် နောက်ဆုံးထား၍ အသွင်ပြောင်းပေးရမည်ဟု နအဖက အမိန့်ပေးထားပြီး လိုက်နာခြင်း မရှိသည့်အဖွဲ့များသည် မတရားအသင်းအဖြစ် ကြေညာခံရပြီး စစ်ရေးအရ အရေးယူခံရနိုင်သည်ဟု ယူဆနေကြသည်။

နအဖပြောင်းလဲဖွဲ့စည်းပေးမည့် နယ်ခြားစောင့်တပ်တွင် တပ်ရင်းတရင်း၌ တပ်ဖွဲ့ဝင်အင်အား (၃၂၆) ဦးဖြစ်ပြီး ၎င်းတပ်ဖွဲ့ဝင်များထဲမှ (၃၀) ဦးမှာ နအဖစစ်တပ်မှ အရာရှိအရာခံအကြပ်များ ပါဝင်မည်ဖြစ်သည်။

ယနေ့အထိ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ကိစ္စကို လက်မခံသည့်အပစ်ရပ်အဖွဲ့များမှာ မွန်၊ ၀၊ ကချင်၊ ကယန်း၊ ရှမ်းနှင့် မိုင်းလားအထူးဒေသ (၄) စသည့်အဖွဲ့များဖြစ်ပြီး အဆိုပါအဖွဲ့များကို နအဖက စစ်ရေးအရ တိုက်ခိုက်ခဲ့ပါက မြန်မာနိုင်ငံတွင် ကြီးမားသည့် ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဟု တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) အဖွဲ့၏ အထွေထွေအတွင်းရေးမှူး မိုင်းဘုန်းကျော်က ခေတ်ပြိုင်သို့ ပြောကြားသည်။

Thursday 22 April 2010

တရုတ်နယ်စပ် အပစ်ရပ်အဖွဲ့များ စစ်ရေးပူးပေါင်းမှု ဆွေးနွေး


ရန်ပိုင် Thursday, April 22, 2010 [ဧရာဝတီ]


ပြီးခဲ့သည့် ဧပြီ ၁၆ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့တွင် KIA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက စစ်ရေးအရ တိုက်ခိုက်ခဲ့လျှင် တရုတ်-မြန်မာ နယ်စပ်ရှိ အပစ်ရပ် အဖွဲ့ များကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန် ဆွေးနွေးပွဲ တရပ်ကို ယမန်နေ့က ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA )၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား အဖွဲ့၊ ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N) တပ်ဖွဲ့တို့ တက်ရောက်၍ စစ်ရေး ဆိုင်ရာများ ဆွေးနွေးကြောင်း UWSA အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

“ကိုးကန့် ကိစ္စကို သင်ခန်းစာ ယူပြီးတော့ အဲ့သည်လိုမျိုး မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ် စီမံမှုတွေ လုပ်ထားတယ်၊ တပ်ပေါင်းစု ပုံစံမျိုး ခုခံဖို့ပဲ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် UWSA အဖွဲ့၏ လက်ရှိ ရပ်တည်ချက်မှာ ယခင်က တောင်းဆို ထားသကဲ့သို့ပင် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဆက်လက် စောင့်ထိန်းသွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြော သည်။

UWSA အဖွဲ့မှ တောင်းဆိုခဲ့သည့် အချက်များမှာ မိုင်းပေါက် နှင့် မိုင်းဖြန် ဒေသကို ပေါင်း၍ မိုင်းပေါက်မြို့နယ် အဖြစ်သတ်မှတ် ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ တိုင်း ဒေသကြီးအတွင်း ထည့်သွင်းပေးရန်၊ ထိုင်းမြန်မာနယ်စပ်ရှိ ၀မ်ဟုန် စစ်ဒေသကို စစ်တိုင်း ကြီး အဖြစ်သတ်မှတ် ပေးရန်၊ အဆိုပါ စစ်တိုင်းကြီးများ၏ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို UWSA တပ်ဖွဲ့မှ တာဝန်ယူ၍ ဒုတိယ စစ်ဦးစီးမှူးများကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ တပ်ဖွဲ့များကို ၀ တပ်သားများဖြင့်သာ ဖွဲ့စည်းရန်တို့ဖြစ်သည်။

သျှမ်းသံတော်ဆင့်သတင်းစဉ်မှ ဦးစိန်ကြည် က“စစ်အစိုးရက လက်နက်ကြီးများနဲ့ စားနပ်ရိက္ခာ ယာဉ်တန်းတွေ ရှမ်းပြည်မြောက် ပိုင်း ကွမ်းလုံ၊ တန့်ယန်း နဲ့ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံဒေသတွေကို ပို့နေတယ်”ဟုဆိုသည်။

UWSA အဖွဲ့ကလည်း စစ်အစိုးရတပ်များနှင့် ထိတွေ့နေသည့် ဒေသများတွင် လက်နက် ခဲယမ်းများ၊ စားနပ်ရိက္ခာများကို ဖြည့်တင်း မှုများ ပြုလုပ်ထားကြောင်း ဦးစိန်ကြည်က ဆက်လက်ပြောဆိုသည်။

စစ်အစိုးရတပ်များ နှင့် ရင်ဆိုင်ထားသည့် ဒေသများမှာ တန့်ယန်းဒေသနှင့် ကပ်လျှက်ရှိသည့် မန်ဆန်ဒေသ၊ ကွမ်းလုံ၊ ဟိုပန်ဒေသ၊ ကျိုင်းတုံမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုင်းပေါက် မိုင်းဖျန်ဒေသ နှင့် သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မော်ဖဒေသတို့ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရတပ်များ စစ်ကား အစီး ၅၀ကျော်နှင့် ရှမ်းပြည်တောင်ပိုင်းသို့ တက်သွားကြောင်းမိထ္တီလာမြို့ခံတဦး ကလည်းဆိုသည်။

ဝနယ်မြေရှိ ဒေသခံတဦးကမူ“ဒီမှာကတော့ အားလုံး ပုံမှန်အတိုင်းပဲ၊ လှုပ်လှုပ်ရှားရှားမရှိပါဘူး၊ စီးပွားရှာတဲ့သူကရှာပါပဲ၊ ဒါပေမယ့် တကယ်ဖြစ်လာလို့ တပ် ကဦးဆောင်ပြီးတိုက်မယ်ဆိုရင်တော့ တိုက်ရမှာပေါ့”ဟု ဧရာဝတီသို့ပြောသည်။

မကြာသေးမီက ၀နယ်မြေမှ ပြည်မသို့ ပြန်သွားသည့် အစိုးရ၀န်ထမ်းများကိုမူ UWSA အဖွဲ့က ပြန်လာခွင့် မပေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ စစ်အစိုးရနှင့် UWSA အဖွဲ့ကြားတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရန် နည်းပါးကြောင်း၊ စစ်အစိုးရအနေဖြင့် ကိုးကန့်အရေး ကဲ့ သို့ အင်အားနည်းသည့် နေရာတွင်သာ ထိုးဖောက်ဝင်ရောက်လိမ့်မည်ဟု ၀တပ်ဖွဲ့ မှ အရာရှိတချို့က သုံးသပ်ကြောင်း ဦးစိန်ကြည် က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း၊ စစ်အစိုးရ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အတူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်းပါဝင်ကြောင်း လိုင်ဇာ အခြေစိုက် ကချင်လွတ်လပ်ရေးအဖွဲ့မှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။

စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ယနေ့ နောက်ဆုံး သတ်မှတ်ထားပြီး လာမည့် ဧပြီလ ၂၈ ရက်နေ့ ကျော်လွန်လျှင် မတရားအသင်း အဖြစ်ကြေညာမည်ဖြစ်သည်။

နယ်ခြားစောင့် လက်မခံဟု နောက်ဆုံးရက်မှာ KIO တုံ့ပြန်

ဖနိဒါ | ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀ ခုနှစ် [မဇျွိမ]

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရရာဇသံ၏ နောက်ဆုံးရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ထပ်လောင်း တုံ့ပြန်လိုက်သည်။

မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် စစ်ဘက် ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)မှ ဗိုလ်မှူးကြီး သက်ပုံတို့ ဦးဆောင်သော ၄ ဦးပါအဖွဲ့နှင့် KIO ဥက္ကဌ ဦးလရောက် ဇောင်းဟရား၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဂွမ်းမော်တို့ပါဝင်သော ၈ ဦးပါအဖွဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ယနေ့နံနက်က ၁ နာရီခွဲကြာ တွေ့ဆုံဆွေးနွေးကြစဉ် KIO ၏ လက်နက်ကိုင်တပ်များကို နယ်ခြားစောင့်အဖြစ် အသွင်မပြောင်းဟု ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။

“ နယ်ခြားစောင့်တပ်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ အဲဒါပဲ ပြောပြခဲ့တယ်။ ကျနော် တို့ အောက်ခြေလည်း လက်မခံဘူး။ ကချင်လူထုလည်း လက်မခံဘူး။ ” ဟု ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူ KIO ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုတပ်မတော်တွင် ကချင်တပ်ရင်းများအဖြစ်သာ ပါဝင်လိုကြောင်း KIO က ဆက်လက် ဆွဲကိုင်ထားသည်။

ဗိုလ်ချုပ် စိုးဝင်းက KIO ၏ အဖြေကို နေပြည်တော်သို့ ဆက်လက်တင်ပြမည်ဟုသာ တုံ့ပြန်သွားကြောင်း သိရသည်။

ပြဿနာကို ငြိမ်းချမ်းစွာအဖြေရှာလိုကြောင်း KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

“ အစိုးရအနေနဲ့ တိုက်ခိုက်လာမယ်၊ မလာဘူးဆိုတာက သူတို့ဘက်က အပိုင်းပါ။ ကျနော်တို့ဘက်က မပြောနိုင်ပါဘူး။ ကျနော်တို့ဘက်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ လုပ်ဆောင်ချင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်နက်ကိုင် အင်အား ၈ ထောင်ခန့်ရှိသော KIO က နအဖအနေဖြင့် စစ်တိုက်ပြီး ချေမှုန်းခြင်းမပြုရန် သတိပေးထားသည်။

တိုင်းရင်းသား ငြိမ်းအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခင်နှစ် ဧပြီလ ၂၈ ရက်မှ စတင်ကာ နောက်ဆုံးရက်များ သတ်မှတ်ကာ ရာဇသံပေးခဲ့သည်မှာ ၃ ခါပြည့်သွားပြီဖြစ်သည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ကိုလည်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ယနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် နအဖက ညွှန်ကြားထားသော်လည်း UWSA ကလည်း ငြင်းဆန်ထားသည်။

“ ဒီနေ့ နောက်ဆုံးဖြတ်ပေမဲ့ အဖြေမပေးဘူး။ သူတို့ပြောတာနဲ့ ကျနော်တို့လိုချင်တာ မတူဘူး။ ကျနော်တို့ တောင်းဆိုတဲ့ ၉ချက် ကနေ ၈ချက်ကိုလည်း ပယ်လိုက်တယ်လေ။ ကျနော်တို့ နယ်မြေဒေသ အခွင့်အရေးကို တောင်းတာကို ပယ်လိုက်တယ်ဆိုတော့ ပြောစရာမရှိတော့ဘူး။”ဟု UWSA အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ဝ တပ်ဖွဲ့နှင့် တန်ယန်းမြို့တွင် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဝ တပ်ဖွဲဌာနချုပ်သို့ အကြောင်းကြားလာခြင်း မရှိသေးဟု သူက ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP ခေါင်းဆောင်များနှင့်လည်း စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ တွေ့ဆုံမည်ဟု သိရသော်လည်း သတင်းပေးပို့ချိန်အထိ မွန်ပြည်သစ်ကို ဆက်သွယ်၍ မရဘဲ ရှိသည်။

(ကိုဝိုင်းတည်းဖြတ်သည်။)

Tuesday 20 April 2010

ဝတပ်ဖွဲ့ စစ်ရေးပြင်ဆင်နေ

ကိုထွေး | April 20, 2010 ခုနှစ် [ဧရာဝတီ]

[ရှမ်းပြည်နယ် တနေရာတွင်
စစ်ရေးပြ လေ့ကျင့်နေသော
UWSA တပ်ဖွဲ့ဝင်များ]
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က စစ်ရေး ပြင်ဆင်မှုများ အပါအ၀င် မဟာမိတ်များနှင့် နီးကပ်စွာ ဆက်ဆံမှုများကို ယခု ရက်ပိုင်း အတွင်း ပိုမို ပြုလုပ် လာသည်။

လာမည့် ဧပြီလ ၂၂ ရက်နေ့တွင် UWSA က နယ်ခြားစောင့် တပ်အသွင် ပြောင်းခြင်းနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို စစ်အစိုးရအား ပေးရမည် ဖြစ်သည်။

စစ်အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အတွက် ၀ ခေါင်းဆောင်များနှင့် ထပ်မံ ဆွေးနွေးရန် ကမ်းလှမ်းမှုများ မရှိသကဲ့သို့ စစ်အစိုးရ၏ အစီအစဉ်ကို လက်မခံ နိုင်သည့် UWSA ခေါင်းဆောင်များ၏ သဘောထား သည်လည်း ပြောင်းလဲမှု မရှိကြောင်း UWSA နှင့် နီးစပ်သော သတင်းများ အရ သိရသည်။

UWSA ကလည်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက ငြင်းပယ်နေခြင်းဖြစ်ပြီး နိုင်ငံရေး အရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ပြောဆိုခဲ့ပြီး အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ရန် အတွက် ပြင်ဆင်ထားကာ တပ်များကိုလည်း အသင့်အနေအထားရှိရန် သတိပေးထားခဲ့သည်။

ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက နိုဝင်ဘာနှင့် ဧပြီလအတွင်းတွင် ဥက္ကဋ္ဌ ပေါက်ယူချန်းက နအဖထံသို့ စာ ၂ စောင် ရေးသား ပေးပို့ခဲ့သော်လည်း ပယ်ချခဲ့သဖြင့် ယခုအခြေအနေတွင် အလျှော့ပေးရန် မဖြစ်နိုင်ကြောင်း ဆိုသည်။

“အခုလောလောဆယ်ကတော့ နအဖက တိုက်မယ်တကဲကဲပုံစံလုပ်ပြီးတော့မှ အလျှော့ပေးစေချင်တဲ့ ပုံစံဖြစ်တယ်၊ နအဖ ကလည်းသိတယ်၊ ၀ ဘက်က ထွက်မတိုက်ချင်ဘူး မတိုက်ချင်တဲ့သူပိုများတယ်ဆိုတာ၊ အခြေအနေကတော့ နအဖဘက်မှာပဲ မှုတည်မှာပါ” ဟု ဦးခွန်စိုင်းကဆိုသည်။

ဖိအားကို လိုတာထက်ပိုပြီး ပေးသွားပါက စစ်ပွဲ ဖြစ်လာနိုင်ကြောင်း၊ စစ်ပွဲဖြစ်လာပါက ဒေသကန့်သတ်ထားသည့် အခြေအနေ လောက်သာ မဟုတ်ဘဲ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ပါဖြစ်လာနိုင်သည့်အတွက် ရွေးကောက်ပွဲကို ထိခိုက် လာနိုင် သည်ဟု စစ်အစိုးရက တွက်ထားပုံရကြောင်းလည်း ၎င်းက ဆိုသည်။

UWSA အနေဖြင့် နယ်ခြားစောင့်တပ်အဖြစ်လက်မခံပါက ၅ ရက်ကြာ စစ်ဆင်ရေး တရပ်ကို ပြုလုပ်သွားမည်ဟု မှုဆယ်ရှိ စစ်အစိုးရ ထောက်လှမ်းရေးများက ၀ါဒဖြန့်ချိနေကြောင်း တရုတ်-မြန်မာ နယ်စပ်အရေးကို လေ့လာ စောင့်ကြည့်နေသူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။

“ဒါကတကယ်တမ်းကျတော့ ၀ တပ်ဖွဲတွေကို ခြိမ်းခြောက်တာပါ၊ တရုတ်နဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်လို့ စစ်ပွဲဖြစ်လာဖို့ကတော့ မလွယ်ပါဘူး” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

စစ်အစိုးရသည် ယခုနှစ်တွင် ကျင်းပ ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးအတွက် လိုလားနေကြောင်း သိရသည်။ ဤအတောအတွင်း တပ်မတော် ခေါင်းဆောင်များက အပစ်ရပ် အဖွဲ့များနှင့် ဆက်တိုက် တွေ့ဆုံနေကြသည်။

“ရွေးကောက်ပွဲ အပြီးတွင် အစစအရာရာ သူ့လက်ထဲမှာရှိဖို့ စီစဉ်ထားသော်လည်းပဲ ဒီအနာဂတ်ဆိုတာ မှန်းဆလို့ မရတော့ မထင် မှတ်တာပေါ်လာနိုင်တယ်လို့ သူတို့မှတ်ပုံရတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မပြီးခင် ကြိုတင်ပြီး အာဏာရှိနေတုန်း လုပ်ထားချင် ပုံရတယ်” ဟု ဦးခွန်စိုင်းက ဆက်ပြောသည်။

ယင်းအပြင် အတည်မပြုနိုင်သေးသော သတင်းများအရ စစ်အစိုးရက လက်နက်ကြီးများနှင့် သံချပ်ကာကားများကို ရှမ်းပြည်အရှေ့ပိုင်းသို့ ပို့ဆောင် နေကြောင်းလည်း သိရသည်။

UWSA သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင် အင်အားစု အဖြစ်မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး၊ ယခုနှစ် ဧပြီလ ၁၇ တွင် တည်ထောင်သည့် နှစ် ၂၁ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ ယခင်က ပန်ဆိုင်းတွင် နှစ်ပတ်လည်အခမ်းအနားကို အကြီးအကျယ် ကျင်းပသော်လည်း ယခုနှစ်တွင်မှု ကျင်းပခြင်း မရှိကြောင်းလည်း သိရသည်။

ယခုအခါ စစ်သည်အင်အား နှစ်သောင်း မှ နှစ်သောင်းခွဲကြားတွင် ရှိသည်ဟု သိရသည်။ UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ စစ်အစိုးရ၏ အခြေခံ ဥပဒေ တွင်လည်း ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်းခမ်း) စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားသည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှ ထို မြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။

ယခု အချိန်အထိ အပစ်ရပ် အဖွဲ့ ၃ ဖွဲ့က နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းပြီး ဖြစ်သည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။

နယ်ခြားစောင့်တပ် လက်မခံရသည့်အကြောင်း ကေအိုင်အို လူထုအား အသိပေးပြောကြား

ခိုင်လင်း/ ၁၉ ဧပြီ ၂ဝ၁ဝ ခုနှစ် [ခေတ်ပြိုင်]

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က လူထုအား အသိပေးရှင်းလင်းသည့် အခမ်းအနားတခုကို ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလ (၁၆) ရက်၌ ပြုလုပ်ခဲ့သည်။

ကေအိုင်အိုနှင့်နအဖအကြား နှစ်ဘက်တွေ့ဆုံဆွေးနွေးချက်များ၊ ကေအိုင်အိုဘက်က တင်ပြထားချက်များ၊ နအဖဘက်က ကမ်းလှမ်းထားချက်များနှင့် အပစ်ခတ်ရပ်စဲရေး စာချုပ်တို့ကို နံရံကပ်စာစောင်ဖြင့် ပြသထားသကဲ့သို့ ကေအိုင်အို အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက ကချင်ဘာသာဖြင့်ပြောကြားပြီး တွဲဖက်အတွင်းရေးမှူးက မြန်မာဘာသာပြန်၍လည်းကောင်း၊ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မြန်မာ၊ ကချင် နှစ်ဘာသာဖြင့် လည်းကောင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းသွားခဲ့သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ ကေအိုင်အို အုပ်ချုပ်ရေး အရာရှိတဦးက ပြောသည်။

၎င်းက “အရပ်သားတွေ၊ ကေအိုင်အိုဌာနဆိုင်ရာအရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေ (၁,ဝဝဝ) ကျော်လောက် တက်တယ်။ မေးမြန်းချင်တာရှိရင် ပြန်မေးလို့ ဖိတ်ခေါ်တယ်။ ကချင်လိုကော၊ မြန်မာလိုကော အကျယ်တဝင့် ရှင်းသွားတယ်။ ပြီးတော့ နံရံကပ်စာစောင်မှာလည်း သူတို့ရှင်းလင်းပြောပြတာတွေကို ထုတ်ပြထားတယ်။ နယ်ခြားစောင့်တပ်ကို ဘယ်လို ဖွဲ့စည်းမယ်၊ လစာနဲ့ရိက္ခာ ဘယ်လိုထုတ်ပေးမယ် ဆိုတာကအစ ရေးထားတယ်။ အခုလို ရှင်းပြလိုက်တော့ လူထုတွေအနေနဲ့ ကေအိုင်အိုက နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဘာကြောင့် လက်မခံသေးသလဲဆိုတာ သိခွင့်ရပါတယ်” ဟု ပြောသည်။

အပစ်ခတ်ရပ်စဲရေးစာချုပ်တွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ မပါဝင်ပုံ၊ နောင်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေးကိစ္စဆွေးနွေးရန် နအဖဘက်က ၂ဝဝ၈ ခုနှစ်အထိ တစိုက်မတ်မတ်ပြောလာခဲ့ပုံ၊ အမျိုးသားညီလာခံအတွင်း ကေအိုင်အိုအဖွဲ့၏ တင်ပြချက်များ အလေးထား မခံခဲ့ရပုံ အပါအဝင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး နှစ်ဖက်ဆွေးနွေးချက်များကို ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

၎င်းက “ကျနော်တို့ နှစ်ဖက်ဆွေးနွေးနေတာ (၁၅) ကြိမ်ရှိပါပြီ။ (၁၅) ကြိမ်စလုံးမှာ တပ်မတော်အစိုးရက ကျနော်တို့ကို ပြောနေတာကတော့ ဘီဂျီအက်ဖ်ကို လက်ခံရေးပဲဖြစ်တယ်။ အဲဒီ (၁၅) ကြိမ်စလုံးမှာ ကေအိုင်အို ပြန်ပြောနေတာက ဘီဂျီအက်ဖ်မဟုတ်ဘဲနဲ့ တခြားသော နည်းလမ်းနဲ့ ကျနော်တို့ရဲ့ ပြဿနာကို ဖြေရှင်းရေးဖြစ်ပါတယ်” ဟု ပြောသည်။

ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖက ယခုလ (၂၈) ရက် နောက်ဆုံးရက် သတ်မှတ်ထားပြီး သူတို့အနေဖြင့် ပြည်ထောင်စုတပ်မတော်အတွင်း တိုင်းရင်းသားတပ်ဖွဲ့အနေဖြင့်သာ အသွင်ပြောင်းလိုကြောင်း ယခုလ (၁၅) ရက်က ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာရေးတင်ပြကမ်းလှမ်းထားသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ယခုရှင်းလင်းပွဲတွင် ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို အဘယ်ကြောင့် လက်မခံခြင်းဖြစ်ကြောင်း လူထုအား အသိပေးပြောကြားကာ နအဖဘက်မှ တဖက်သတ် လုပ်ဆောင်နေမှုများကိုလည်း ရှင်းလင်းပြခဲ့ကြောင်း စစ်ရေးအကဲခတ်တဦးက ပြောသည်။

၎င်းက “လျှို့ဝှက်ထားတဲ့ သူတို့ရဲ့ အပစ်ရပ်စာချုပ်တွေ၊ နအဖဆီကို ရေးတဲ့စာတွေ လူထုကို ပြသလာတာက နအဖက တဖက်သတ် အကျပ်ကိုင် ဆောင်ရွက်နေတာတွေကို သည်းမခံနိုင်တာလည်းပါတယ်။ တဖက်က သူတို့ ရပ်တည်ချက် မှန်တယ်ဆိုတာကို လူထုကို ရှင်းပြချင်တယ်။ တချိန်တည်းမှာ လူထုရဲ့ထောက်ခံမှုကို ရယူချင်တာလည်း ဖြစ်တယ်” ဟု ပြောသည်။

ဗုံးကွဲမှုတွင် တိုင်းစစ်ဒေသမှူး ပြင်းထန်စွာ ဒဏ်ရာရ

မြင့်မောင် | ဧပြီလ ၁၉ ရက် ၂၀၁၀ ခုနှစ် [မဇျွိမ]

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေပက်မဏ္ဍပ်တွင် ယခုလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုတွင် တိုင်းစစ်ဒေသမှူးတဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


[သင်္ကြန် အကြတ်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေကစား မဏ္ဍပ်အနီး ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲ ပြီးနောက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ - Reuters)]
ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှုးကြီးပြုံးချိုသည် လုံခြုံရေးအရ မဏ္ဍပ်များကို လိုက်လံစစ်ဆေးနေစဉ် X2O မဏ္ဍပ်အရောက် ဒုတိယဗုံး ပေါက်ကွဲသဖြင့် ဝမ်းဗိုက်တွင် ဗုံးဆံများ ထိမှန်သွားရာ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ကုသမှု ခံယူနေရသည်။ ဒဏ်ရာပြင်းထန်မှုရှိသည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

ပေါက်ကွဲမှုများကြောင့် လူ ၈ ဦး သေဆုံးပြီး လူဦးရေ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရက အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သော်လည်း သေဆုံးသူဦးရေ တိုးလာသည်ဟု ရဲအချို့က ပြောသည်။

ရဲမှူးကြီးတဦးနှင့် ဒုရဲအုပ်အဆင့်ရှိသူတဦးတို့လည်း သေဆုံးသွားပြီး မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ယခုအခါ ရန်ကုန်ဆေးရုံကြီးတွင် ဒဏ်ရာရရှိသူများအနက် ၄၄ ဦးသည် ဆက်လက်၍ ဆေးဝါးကုသမှု ခံယူနေရကာ၊ ဒဏ်ရာပြင်းထန်သူမှာ ဦးရေ ၂ဝ ခန့် ရှိနေသေးကြောင်း သိရသည်။

ဗုံးကွဲအပြီး ၂ ရက်အကြာတွင် စာရေးဆရာ လင်းယုန်မောင်မောင် (ကွယ်လွန်) ၏ သားဖြစ်သူ ဦးဇေယျနှင့် သူ၏ သားဖြစ်သူ စည်သူဇေယျအား ရဲက မေးမြန်းရန် ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။

“နှစ်ဆန်းတရက်နေ့က ညနေပိုင်းက သူတို့ သားအဖ နှစ်ယောက်ကို လာခေါ်သွားတယ်။ ရပ်ကွက်လူကြီးနဲ့ SB တွေ စုစုပေါင်း ၁ဝ ဦးလောက် ပါတယ်။ မေးစရာရှိလို့ဆိုပြီး ခေါ်သွားတယ်။ ဘာကြောင့် ခေါ်သွားတယ် ဆိုတာကိုတော့ ပြောမသွားဘူး” ဟု အမည်မဖော်လိုသူ မိသားစုဝင် တဦးက ပြောသည်။

အခင်းဖြစ်ပွားသောနေရာကို ဓာတ်ပုံရိုက်သည်ဟု ရဲက သံသယရှိမှုနှင့် ပတ်သက်ဖွယ်ရှိသည်ဟု ရန်ကုန်စာပေအသိုင်းအဝိုင်းက ယူဆနေကြသည်။

မြို့နယ်ရပ်ကွက်ရုံးအချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသူများအား ဖမ်းဆီးရန်အတွက် ကူညီသတင်းပေးသူကို ဆုငွေအဖြစ် ကျပ် ၁၀ သိန်း ပေးမည်ဟု အာဏာပိုင်များက ကြေညာထားသည်။