ညီကိုတို့
မတရားတဲ့ နအဖစစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ကျနော်တို့ မြန်မာပြည်သူပြည်သားတိုင်း လွှတ်မြောက်နိုင်ဖို့ ညီညွတ်ကြပါလို့ ပြောချင်ပါတယ်။ တတိယနိုင်ငံကိုလှမ်းမဲ့ ခြေလှမ်းဟာ စစ်မြေတလင်းမှာ ပြန်လည်လှမ်းတဲ့ ခြေလှမ်းအဖြစ် ဖြစ်စေချင်ပါတယ်။ လေလွှင့်နေတဲ့ မြန်မာပြည်သားတိုင်းလဲ စစ်မြေတလင်းမှာ ပြန်လည်လှမ်းတဲ့ ခြေလှမ်းအဖြစ် ဖြစ်စေချင်ပါတယ်။ တိုင်းတပါး ကျွန်အဖြစ် အချိန်ကုန်မခံပါနဲ့ အားမနာတမ်း ပြောချင်ပါတယ်။

စစ်အာဏာရှင်ရဲ့အုပ်ချုပ်အောက် နေရတဲ့ဘ၀ဟာ စိတ်နာလိုက်ပါ။ ကိုယ်ခံနေရ၊ ခါးသီးစွာကြုံတွေ့နေရတဲ့ အတွေ့အကြုံတွေကို စိတ်နာလိုက်ပါ။ ရှောင်ထွက်မနေပါနဲ့လို့ ပြောချင်ပါတယ်။ အဲဒီဘ၀ကို စိတ်နာပြီး ကိုယ့်ကိုယ်ပိုင်အခွင့်အရေးကို ပြန်လည်တိုက်ယူကြပါ။ မြို့လယ်ကောင်မှာ နေ့ခင်းကြောင်တောင် ကျောင်းသားပြည်သူ၊ ရဟန်းရှင်လူတောင်မှ သတ်ရဲတယ်ဆိုတော့ မီဒီယာမသိ၊ နိုင်ငံတကာမသိ တိုင်းရင်းသားနယ်မြေတွေမှာ နအဖစစ်တပ်က ဘယ်လောက်ထင်တိုင်းကျဲနေမယ်ဆိုတာ အသေးစိတ် မဖော်ပြတော့ပါဘူး။ စဉ်းစားကြည့်ရင် ညီကိုတို့ သိပါတယ်။
- နအဖစစ်အာဏာရှင်ဟာ နိုင်ငံတကာရဲ့ ၀င်ရောက်ပြောဆိုလုပ်ကိုင်နိုင်ခွင့်ကို ကောင်းကောင်းသိပါတယ်။ ဒါဟာ သူတို့ ဂရုမစိုက်ပါဘူး။
- နအဖစစ်အာဏာရှင်ဟာ ဒီမိုကရေစီအတိုက်အခံအင်အားစုတွေရဲ့ တောင်းဆိုမှုတွေကိုလဲ ဂရုမစိုက်ဘူးဆိုတာလဲ ဗြောင်ဗြောင်ကြီး တွေ့နေရပါပြီး။
- နအဖစစ်အာဏာရှင်ဟာ သူတို့တပ်ကို သူတို့ ထိန်းထားနိုင်သ၍တော့ ထိန်းထားအုံးမှာ ဖြစ်ပါတယ်။
- နအဖစစ်အာဏာရှင်ဟာ ပြည်သူလူထုက ခွင့်မလွတ်နိုင်တဲ့ အမှားတွေ အများကြီးလုပ်ခဲ့တယ်။ ဒါကြောင့် နိုင်ငံတကာ၊ ဒီမိုကရေစီအတိုက်အခံအင်အားစုတွေရဲ့ ပြောဆိုမှု၊ တောင်းဆိုမှုလုပ်ရုံနဲ့ ပြည်သူကို အာဏာလွဲပေးမှာမဟုတ်ပါဘူး။
- နအဖစစ်အာဏာရှင်ဟာ နိုင်ငံတကာ၊ ဒီမိုကရေစီအတိုက်အခံအင်အားစုတွေရဲ့ ပြောဆိုမှု၊ တောင်းဆိုမှုလုပ်ရုံနဲ့ ပြည်သူကို အလွယ်လေး အာဏာလွဲပေးမယ်ဆိုရင် သူတို့ရဲ့အမှားတွေအတွက် ပြန်လည်ခံနေရမယ်ဆိုတော့ နအဖစစ်အာဏာရှင်ဗိုလ်ချုပ်တွေက ကောင်းကောင်းသိပါတယ်။
ဒါကြောင့်မို့လို့....လူဆိုတာ ...
ဆင်းရဲတဲ့လူဖြစ်စေ၊ ချမ်းသာတဲ့လူဖြစ်စေ၊
အာဏာမဲ့သူဖြစ်စေ၊ အာဏာရှိသူဖြစ်စေ၊
သေမှာကို ကြောက်တဲ့လူတွေပါပဲ။
ပြောလို့၊ ဆိုလို့ မရတဲ့ နအဖစစ်အာဏာရှင်ကို ဘာနဲ့လုပ်ရင်ရနိုင်သလဲဆိုတာ ညီကိုတို့ သိမှာပါ။ အဓိကအချက်ကတော့ မြန်မာပြည်ဒီမိုကရေစီရရှိဖို့အတွက် ဦးတည်ချက်တခုနဲ့ အလံတခုပဲထောင်ဖို့ အရေးကြီးပါတယ်။
တောတောင်ထဲက တိုင်းရင်းသားတယောက်ပါ။ ဗမာ့စာကောင်းကောင်းမရေးတတ်လို့ အမှားများပါရင်လဲ
ခွင့်လွှတ်နားလည်ပေးပါ။
By YNO