(နအဖ ဖိနှိပ်မှုမှ တိုင်းပြည်နှင့်လူမျိုး လွတ်မြောက်ရန် ဘာလုပ်လုပ် တရားသည်။)
နအဖ စစ်အုပ်စုမှ ပြည်သူလူထုအား အောက်လမ်းနည်းပေါင်းစုံဖြင့် ဖိနှိပ်လျက်ရှိနေသည်ကို အားလုံး အသိ၊ ကိုယ်တွေ့ပင်ဖြစ်သည်။
အောက်လမ်းနည်းဆိုတာကို ပြောတာနှင့် မူးရူးနေသော မျက်နှာများနှင့် ၀ါးရင်းတုတ်များ တ၀င့်ဝင့် ကိုင်ထားကာ ပြည်သူဟု နအဖ သတင်းစာများတွင် ဖေါ်ပြလေ့ရှိသော ကြံ့ဖွတ်၊ စွမ်းအားရှင် ဆိုသော လူမိုက်များ၊ ရယကနှင့် ထောက်လှမ်းရေးများ၊ မတရား အမိန့်များကို နာခံတတ်သော ရဲဝန်ထမ်းများ၊ မတရား အမိန့်ချတတ်သော တရားသူကြီးများကို မျက်စိထဲတွင် မြင်ယောင်မိနိုင်ပါသည်။
မုန့်တခုစားလျှင် ဘေးသားများကို အရင်ကိုက်ဖဲ့ စားသောက်ရသကဲ့သို့ နအဖကို တော်လှန်ရန် ဘေးသားများ ဖြစ်သော အဆိုပါ နအဖ နောက်လိုက်များကို အရင်ရှင်းလင်းသော နည်းများကို လူထုအုံကြွမှု ပုံစံအသစ်ဖြင့် တန်ပြန်သော နည်းလမ်းများကို ပြည်သူလူထု တရပ်လုံးမှ စတင် လုပ်ဆောင် ရတော့မည် ဖြစ်သည်။ ... အပြည့်အစုံသို့>>>