နောက်ဆုံးသတင်း - မြန်မာ

Wednesday, 27 August 2008

ဂမ္ဘာရီဆိုတဲ့ ဂန္ဘလား

ဂါမဏိ

မြန်မာနိုင်ငံ ပြဿနာကို ဝင်ရောက်ကူညီ ဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကု လအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယားနိုင်ငံသား အီဘရာဟင်ဂမ်ဘာ ရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံသမိုင်းမှာ အကြမ်းကြုတ် အရက်စက်ဆုံးနဲ့ ခြအစား ဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ္ဘာရီ ဘာလုပ္ခဲ့သလဲ။

အဲဒီကာလတေလွ်ာက္လံုးမွာ ဂမ္ဘာရီဟာ အဘာချာစစ်အစိုးရရဲ့ ကု လသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ အဘာချာ စစ်အုပ်စုရဲ့ လူသတ်ဝါဒတွေကို နိုင်ငံတကာမျက်နှာစာမှာ ပညာသား ပါပါနဲ့ ကျွမ်းကျင်ပါးနပ်စွာ ကာကွယ်ပေးခဲ့တယ်။ အင်မတန့်ကို တက်တက်ကြွကြွ စိတ်အားထက်ထက် သန်သန်နဲ့ စိတ်ပါ လက်ပါ ကိုယ်စားပြုပေးခဲ့တာဖြစ်တယ်။ အထက်ကခိုင်းလို့ တာဝန်အရ ဝတ်ကျေတန်းကျေ လုပ်ရတာ မဟုတ်ခဲ့ပါဘူး။ “နိုင်ဂျီးရီးယားလူမျိုးတွေ လိုအပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆို တော့ ဒီမိုကရေစီဆိုတာ စားလို့မှ မရတာ။ အခုအချိန်မှာ ဒီမိုကရေစီက ဦးစားပေးမဟုတ်ဘူး”လို့ ဂမ်ဘာရီ အဲဒီ တုန်းက ပြောခဲ့ပါသေးတယ်။

အဘာချာအစိုးရအပေါ် တစ်ကမ္ဘာလုံးကနေ ဖိအားတွေတိုးလာတဲ့အခါ ဂမ်ဘာရီဟာ အဘာချာအာဏာရှင်စ နစ်ကို ကာကွယ်ပေးရာမှာနဲ့ ဖိအားကို လမ်းလွှဲပေးရာမှာ ပိုနာမည်ဆိုး၊ ပိုပြင်းထန်လာခဲ့တယ်။ ၁၉၉၅ ခု နိုဝင် ဘာလမှာ နာမည်ကျော် စာရေးဆရာလည်းဖြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်းဖြစ်တဲ့ အိုဂိုနီတိုင်း ရင်းသားလူထုခေါင်းဆောင် ကင်ဆာရိုဝီဝါကို မတရားအမှုဆင်ဖမ်းပြီး သေဒဏ်ပေးလိုက်လို့ တကမ္ဘာလုံးက ကန့်ကွက် ရှုတ်ချတဲ့အခါ ဂမ်ဘာရီက ... အပြည့်အစုံသို့ >>>

Sunday, 17 August 2008

ရေငတ်ပန်း

ကောင်းကောင်းမမြင်ရရင် View ချဲ့ပြီး ဖတ်ပါ၊

Friday, 8 August 2008

ဘေဂျင်းအိုလံပစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာနှင့် မြန်မာ့အရေး

အနှစ် နှစ်ဆယ် (ခင်မမမျိုး)
.... အပြည့်အစုံသို့ >>>

၂၀၀၈ ခုနှစ်၊သြဂုတ်လ ၅ ရက်

Thursday, 7 August 2008

Tuesday, 5 August 2008

ရှစ်လေးလုံးသင်ခန်းစာကိုယူ၍ ဒီမိုကရေစီရေးအတွက် ခရီးဆက်ရဦးမည်

ဒီဗွီဘီ။ ။၂၀၀၈ ခုနှစ် သြဂုတ်လ ၁ ရက်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်နှင့် ဆက်သွယ်မေးမြန်းချက် ... အပြည့်အစုံသို့ >>>

Saturday, 2 August 2008

"Role of the United Nations in Burma/Myanmar"