ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအတွင်း ယနေ့နံနက် (၁၀) နာရီ (၄၅) မိနစ်ခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားပြီး အနည်းဆုံး လူ (၃) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနကို ခေတ်ပြိုင်က မေးမြန်းရာ ဒဏ်ရာရသူ (၃-၄) ဦးခန့် ရောက်ရှိလာသည်ဟု ပြောသည်။ ပန်းပဲတန်းမြို့နယ် ရဲစခန်းကလည်း ကျောက်တံတားမြို့နယ် အတွင်း၌ ပေါက်ကွဲမှုဖြစ်ကြောင်းသာ အတည်ပြုပြောဆိုသော်လည်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူရှိမရှိကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။
ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည်... အပြည့်အစုံသို့ >>>
နောက်ဆုံးသတင်း - မြန်မာ
Thursday, 25 September 2008
Wednesday, 24 September 2008
: : သတင်းစာဆရာကြီးဦးဝင်းတင်အား ထောင်မှလွှတ်ပေးခြင်းနှင့်ပတ်သက်၍ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်
... အပြည့်အစုံသို့ >>>
: : အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက်အမှတ် - ၁၈ / ၀၉ / ၀၈
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်
... အပြည့်အစုံသို့ >>>
: : တပ်နဲ့ ပြည်သူ ပူးပေါင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အမျိုးသမီးအဖွဲ့ချုပ် တိုက်တွန်း
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ၂၁ ရက်

Thursday, 18 September 2008
: : ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည် ရဟန်းသံဃာတော်များနှင့် ပြည်သူများသို့ ပြန်ကြားချက်
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်
အပြည့်အစုံသို့ >>>
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
: : ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (၁၀)နှစ်ပြည့်အထိမ်းအမှတ် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၏ သဘောထားကြေညာချက်)
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်

: : လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ဖွဲ့စည်းတည်ထောင်ခြင်း (၁၀)နှစ်မြောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၏ သဘောထားထုတ်ပြန်ကြေညာချက်

: : မနီလာသိန်းအပါအ၀င် ယုံကြည်ချက်ကြောင့် လှုပ်ရှားနေသူများအား မတရားဖမ်းဆီးနေခြင်း အပေါ် ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက် စာအမှတ် - ၈ / ၂၀၀၈
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်

: : Ko Bo Kyi Win "Human Rights Defender Award" from Human Rights Watch

: : နအဖ က ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပမည့်အပေါ် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအဖွဲ့ (FDB)၏ အတွင်းရေးမှူး ဒေါက်တာနိုင်အောင်ကို RFA မှ ဆက်သွယ်မေးမြန်းချက်
၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်

Saturday, 13 September 2008
- နအဖ စစ်အစိုးရ၏ သတင်းစာရှင်းလင်းပွဲ ၁ / ၂၀၀၈ နှင့် ပတ်သက်၍ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB)၏ သဘောထား ထုတ်ပြန်ချက် ... အပြည့်အစုံသို့ >>>
၂၀၀၈ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်
Monday, 8 September 2008
မာလာရုံကျောင်းတိုက်သို့ ဥပဒေမဲ့ စီးနင်းရှာဖွေဖမ်းဆီးခြင်းအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချ
၂၀၀၈ ခုနှစ် စက်တင်ဘာလ (၆) ရက်
နအဖစစ်အစိုးရ၏ လက်ကိုင်တုတ်များမှ ရန်ကုန်တိုင်း၊ သံလျင်မြို့နယ် ဗိုလ်ချုပ်ရွာရှိ မာလာရုံကျောင်းတိုက်သို့ (၅-၉-၂၀၀၈) ရက်နေ့ နံနက် (၂) နာရီခန့်က ရန်သူ့စခန်းကိုဝင်ရောက်စီးနင်းသည့်အလား ဥပဒေမဲ့စွာ ကျူးလွန်စော်ကားခဲ့ကြပါ သည်။
ကျောင်းတိုက်တစ်ခုလုံးကို တစ်နာရီနီးပါး ရစရာမရှိအောင် မွှေနှောက်ရှာဖွေခဲ့ကြပါသည်။ ထိုသို့စစ်ဆေးရှာဖွေနေစဉ် ကာလတွင်လည်း ကျောင်းနေသံဃာတော် (၁၇) ပါးကို ၀မ်းလျားမှောက်ခိုင်းထားပြီး အကြောင်းပြချက်တစုံတရာမပေးဘဲ ကျောင်း ကိုဝင်ရောက်ရှာဖွေပြီး ကျောင်းထိုင်ဆရာတော် ဦးသီလ၀ံသအပါအ၀င် သံဃာ၁၇ပါးစလုံးကို အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါသည်။
မာလာရုံကျောင်းတိုက်သည် ဗုဒ္ဓသာသနာထွန်းကားပြန့်နှံ့စေရေးအတွက် အထူးတလည်အာရုံထား၍ သာသနာပြုနေ သောကမ္မဋ္ဌာန်းကျောင်းတိုက် တစ်တိုက်ဖြစ်ပါသည်။ ဆရာတော် ဦးသီလ၀ံသသည်လည်း သံဃာငယ်များကို စာဝါပို့ချ ကမ္မဋ္ဌာန်း နည်းပြနေသော ဆရာတော်တစ်ပါးဖြစ်ပါသည်။ ကျောင်းနေသံဃာငယ်များမှာလည်း ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ ဟူသည့် သာသနာသုံးရပ်ကို လုံ့လစိုက်၍ ထမ်းရွက်နေသော သံဃာတော်များဖြစ်ပါသည်။
ဤကဲ့သို့သောကျောင်းတိုက်နှင့် ဤကဲ့သို့သော ဆရာတော် သံဃာတော်များကို ယခုကဲ့သို့ပြုမူဆောင်ရွက်ခြင်းသည် ဘာသာ သာသနာကို ဖျက်လိုဖျက်ဆီးလုပ်ခြင်း၊ ကျူးလွန်စော်ကားလိုက်ခြင်းပင်ဖြစ်ပါသည်။
ဤလုပ်ရပ်အား မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပါသည်။
နအဖစစ်အစိုးရအနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသော ဆရာတော်အား အမြန်ဆုံးပြန်လည်လွှတ်ပေးရန်နှင့် ကျူးလွန် စော်ကားမိခဲ့သမျှကို သံဃာတော်များကျေနပ်သည်အထိ အမြန်ဆုံးဝန်ချတောင်းပန်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက အလေးအနက်တောင်းဆိုလိုက်သည်။
ဤတောင်းဆိုချက်များကို ဖြေရှင်းပေးရန်ပျက်ကွက်ခဲ့ပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်အရပ်ရပ်သည် နအဖစစ်အစိုးရ၏ တာဝန်သာဖြစ်သည်ဆိုသည့်အချက်ကိုလည်း ထပ်မံသတိပေးလိုက်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
Subscribe to:
Posts (Atom)