နှစ် (၆၀) သက်တမ်းရှိပြီဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့၏ အထွေထွေအတွင်းရေးမှူးနေရာတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတဦးအား မကြာခင်က ကျင်းပ ပြီးစီးခဲ့သည့် ကရင်အမျိုးသားကွန်ဂရက်မှ ရွှေးချယ်တင်မြှောက်လိုက်သည်။
နော်စီဖိုးရာစိန်သည် လက်ရှိ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သမီးဖြစ်ပြီး အစ်ကိုနှစ်ဦးအနက် တဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောဘိလစိန်ဖြစ်ကာ ကျန်တဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၂) တောင်ငူခရိုင်၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောအားစီ ခေါ် မဲအေစိန်ဖြစ်သည်။ ... အပြည့်အစုံသို့>>>
ရန်ကုန်မှာ စနေ တနင်္ဂနွေ ဗုံး (၂) လုံးပေါက်ကွဲ၊ လူ (၁) ဦးသေ
NEJ / ၂၀ အောက်တိုဘာ ၂၀၀၈။ ။
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လူနေရပ်ကွက်အတွင်း၌ ယမန်နေ့ ညနေ (၅) နာရီခွဲခန့်က ဗုံး (၁) လုံး ပေါက်ကွဲပြီး လူ (၁) ဦး သေဆုံးသွားကြောင်း မြောက်ပိုင်းခရိုင် တာဝန်ကျရဲအရာရှိတဦးက အတည်ပြုပြောကြားသည်။ ... အပြည့်အစုံသို့>>>
၁၄) ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက် ကျင်းပပြီးစီး (ဗိုလ်ချုပ်)စောတာမလာဘောအားဥက္ကဋ္ဌသစ်အဖြစ်ရွေးချယ်တင်မြှောက်
NEJ/၁၈ အောက်တိုဘာ ၂၀၀၈။ ။
ကရင်အမျိုးသားအစည်းအရုံး KNU ၏ (၁၄) ကြိမ်မြောက် ကွန်ဂရက်တွင် (ဗိုလ်ချုပ်) စောတာမလာဘောအား ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်လိုက်သည်။
KNUစတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ ဥက္ကဋ္ဌ (၇) ဦး ရှိပြီဖြစ်သည်။ ၎င်းတို့မှာ စောစံဖိုးသင်၊ စောဘဦးကြီး၊ စောဟန်တာတာ မွေး၊ မန်းဘဇန်၊ စောဘိုမြ၊ ပဒိုစောဘသင်စိန်နှင့် ပဒိုစောတာမလာဘော တို့ဖြစ်သည်။
ရွှေပြည်သာမြို့ နယ် (၁၈) ရပ်ကွက် ရေပြာလမ်းသွယ် အိမ်အမှတ် ၂၉၈ (က) အတွင်း ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အိမ်ရှင် အဘ ဦးမြအုန်း၏ သား အသက် (၃၅) နှစ်အရွယ် ကတုံး (ခ) သက်ဦးဝင်း ဗိုက်ပေါက် သေဆုံးသွားသည်ဟု ရဲကပြောသည်။
အဆိုပါအိမ်၌ သားအဖ (၂) ဦးသာ နေထိုင်ပြီး ဖခင် တရားစခန်းသွားနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကွဲမှုကြောင့် အိမ်ရှေ့အဖီ အမိုးသွပ်များပါ ပွင့်ထွက်သွားကြောင်းနှင့် ထိုအိမ်၌ပင် နောက်ထပ်ဗုံး (၃) လုံး ကို အာဏာပိုင်များက ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ... အပြည့်အစုံသို့>>>