အင်တာဗျူး
သန်းထိုက်ဦး
တနင်္လာနေ့၊ နိုဝင်ဘာလ 03 2008 17:51 - မြန်မာစံတော်ချိန်
ကမ္ဘာတ၀ှမ်း၌ တခုတည်းသော ကျောင်းသား လက်နက်ကိုင်တပ် ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF ဖွဲ့စည်း ထူထောင်မှုသည် ယခုလ ၁ ရက်နေ့တွင် နှစ် ၂၀ ပြည့်မြောက်ခဲ့သည်။
ABSDF သည် သက်တမ်း နှစ် ၂၀ အတွင်း အပြောင်းအလဲများ၊ အတက်အကျများ မြောက်မြားစွာ ကြုံတွေ့ ဖြတ်သန်းခဲ့ရသည်။
လက်ရှိအချိန်တွင်လည်း ရန်ပုံငွေ အခက်အခဲ၊ အင်အားနှင့် နယ်မြေ အကျပ်အတည်းများ တည်ရှိနေသော်လည်း ယုံကြည်ထားသည့် လက်နက်ကိုင်လမ်းစဉ်ကို ကိုင်စွဲကာ ကျောင်းသားတပ်မတော် ရဲဘော်များက မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် သက်စွန့်ကြိုးပမ်း တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။
ABSDF နှစ် ၂၀ ဖြတ်သန်းမှု၊ ရဲဘော်များ၏ စိတ်ဓာတ်အားမာန်၊ လက်နက်ကိုင် တော်လှန်ရေးနှင့် အကြမ်းဖက်မှု ကွာခြားချက်၊ လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲ ပေါင်းစပ်ရေးလမ်းစဉ်နှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို သိရှိနိုင်ရန် ABSDF ဥက္ကဌ ရဲဘော် သံခဲထံ မဇ္ဈိမသတင်းထောက် သန်းထိုက်ဦးက ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
မေး။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ABSDF ရဲ့ ဖွဲ့စည်းမှုကို ပြောပြစေလိုပါတယ်။
ဖြေ။ ပထမ ပြောချင်တာက ကျနော်တို့ မြန်မာပြည် နိုင်ငံရေးမှာ ABSDF ဖွဲ့စည်းတာဟာ ...အပြည့်အစုံသို့ >>>