နောက်ဆုံးသတင်း - မြန်မာ

Wednesday, 24 December 2008

နအဖ ပြည်ထဲရေး ၀န်ကြီးရဲ့  ထိုးဖောက်မှု အစီအစဉ်

ပြည်ထဲရေး အရာရှိတဦး (၂၄-၁၂-၀၈)


နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ စီမံကွပ်ကဲမှုအရ ရဲမှူးသန်းထွန်း ဦးစီးသည့် အောက်ဖော်ပြပါ အဖွဲ့ဝင် (၂၀) ဦးဟာ ရန်ကုန်မှ မြ၀တီ၊ မြ၀တီမှ မဲဆောက်သို့ ဒီဇင်ဘာ (၁၉) ရက်နေ့တွင် ရောက်ရှိခဲ့သည်။ အဆိုပါအဖွဲ့၏ ဦးတည်ချက်များမှာ ပြည်တွင်းမှ လာရောက်မည့် နယ်စပ်ဒေသရှိ အတိုက်အခံ...အပြည့်အစုံသို့ >>>

Friday, 12 December 2008

KNU အောင်ပွဲသတင်း

၂၀၀၈ နိုဝင်ဘာ ၁၁ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ လက်အောက်ခံ ရင်း ၈ က ညောင်လေးပင်ခရိုင် မုံးမြို့နယ် စောမီလူကားလမ်းတွင် နအဖတပ် စကခ ၂၁ လက်အောက်ခံစစ်ကြောင်း တကြောင်းကို ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူ ၁ ဦးသေသွားသည်။

နိုဝင်ဘာ ၂၉ ရက်တွင်လည်း မုံးမြို့နယ် ခလယ်ခိုကားလမ်းပေါ်တွင် ရင်း ၈ က နအဖတပ် ခမရ ၃၅၁ ကို ပြောက် ကျားပစ်ရာ ရန်သူ ၂ ဦးသေသွားသည်။

၂၀၀၈ ဒီဇင်ဘာ ၂ ရက်မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ ရင်း ၁၈ က ကော့ကရိတ်မြို့နယ် မောလော်အီဖိုရှိ DKBA စခန်းကို တိုက်ခိုက်ခဲ့ရာ DKBA တပ်ကြပ်ကြီး ၁၊ တပ်သား ၁ သေပြီး ကြားဖြတ်ဖမ်းစက် ၁၊ ဆက်သွယ်ရေးစက်ကြီး ၁၊ လမ်းလျှောက်စကားပြောစက် ၁၊ တယ်လီဖုံးအထိုင်စက်ကြီး ၁၊ မိုဘိုင်းဖုံး ၁ တို့ကို သိမ်းပိုက်ရမိခဲ့သည်။

ဒီဇင်ဘာ ၄ ရက်ညနေက နအဖတပ် ခမရ ၅၈၃ မှ တပ်ကြပ်စောမြင့်ဦး နှင့် တပ်သားခလယားပေါ် တို့သည် MA-1 တလက်၊ MA-4 တလက်၊ ကျည်ဘောက် ၈ ချပ်၊ ကျည် ၁၉၅ တောင့်၊ M-79 ဗုံးသီး ၁၁ လုံးနှင့်အတူ KNLA တပ်မဟာ ၁ သို့ လက်နက်ချခဲ့သည်။

ဒီဇင်ဘာ ၆ ရက်မနက်က DKBA ဗိုလ်ကျော်သက်တပ်နှင့် နအဖတပ် ခမရ ၅၄၈ ပူးပေါင်းတပ်ကို KNLA တပ်ရင်း ၁၈ မှ မယ်ပလယ်နှင့် ပနွယ်ပူအကြား တိုက်ခိုက်ရာ နအဖတပ်မှ ၃ ဦးသေပြီး ၆ ဦးဒဏ်ရာရသွားသည်။ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သည်။

KNU victory news

On 2008, November 11, Battalion 8 under the command of Karen National Liberation Army (KNLA) Brigade 3 attacked an army column under the command of SPDC MOC 21 on Saw-mi-lu road in Nyaunglaybin District Mone Township , killing one enemy soldier.

Also on November 29th, KNLA Battalion 8 made a hit-and-run attack on SPDC LIR 351 on Kha-lekho road in Mone Township , killing two men.

On December 2, in the morning, Battalion 18 under the command of KNLA Brigade 6 assaulted a DKBA outpost at Maw-lor-e-pho in Kawkareik Township , killing one DKBA sergeant and one DKBA private. The KNLA troops seized one radio interceptor receiver, one radio transceiver, one walkie-talkie, one telephone exchange switch and one mobile phone from the DKBA camp.

On December 4, in the evening, Corporal Saw Myint Oo and Pvt. Khalayarpor of SPDC LIR 583 surrendered to KNLA Brigade 1 in Thaton District, bringing along one MA-1 automatic rifle, one MA-4 automatic rifle coupled with 40 mm grenade launcher, eight magazines, 195 5.56 mm bullet rounds and eleven M-79 grenades.

On December 6, in the morning, KNLA Battalion 18 ambushed a joint force of DKBA Bo Kyaw Thet’s unit and SPDC LIR 548 between Mae-pleh and Panwehpu, killing three SPDC soldiers and wounding six of which three were in grave condition.

KNU victory news
November 15th, 2008

After the Karen National Liberation Army (KNLA) Brigade 1 have raided and seized a base camp of DKBA in Thaton District on November 5 and captured 19 assorted arms, consequent news on disintegration of enemy forces are pouring in.

On November 11, Saw Win Hlaing, Yaung Pyur, Thur Sein Htun and Yan Paing from Battalion 907 under the command of Bo Hnut Khan Hmwe (Commander Mustachio) defected to KNLA Brigade 6 HQ column, bringing with them six assorted weapons and military equipment. These included 3 AK-47 automatic rifles with 4 magazines and 200 rounds, 1 M-16 automatic rifle with 1 magazine and 50 rounds, 1 AK Light Machine Gun with 1 chain, 1 sawed-off shotgun and 1 VH-150 Walkie-talkie.

Also on November 11, Lance Corporals Aung Ko Oo, Sein Kyar Htun and Maung Htay of SPDC Battalion 20 defected to KNLA Brigade 6 Battalion 16, bringing with them 1 M-79 grenade launcher with 9 rounds, 3 MA-3 automatic rifles with 14 magazines and 578 rounds, 2 hand grenades and 1 D6M Transceiver.

On November 8, a combined force of KNLA Brigade 3 Battalion 8 and Brigade 2 HQ column launched a multiple mine attack on SPDC troops under the command of MOC 21 in Toungoo District Htandabin Township Gamulo area Balorday, killing 12 enemies and wounding another 15.


KNU အောင်ပွဲသတင်း

နိုဝင်ဘာ ၅ ရက်နေ့က ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၁ (သထုံခရိုင်) က ဒီကေဘီအေ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်မျိုးစုံ ၁၉ လက် သိမ်းပိုက်ရမိခဲ့ပြီးနောက် တဖက်ရန်သူတို့၏ ပြိုကွဲမှုသတင်းများကို အောက်ပါအတိုင်း နောက်ဆက်တွဲရရှိခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဒီကေဘီအေ နှုတ်ခမ်းမွှေးလက်အောက်ခံ ရင်း ၉၀၇ မှ စောဝင်းလှိုင်၊ ရောင်ပြာ၊ သာစိန်ထွန်းနှင့် ရန်ပိုင် တို့ (၄)ဦးသည် အေကေ (၃)လက် ၎င်းဘောက် ၄ ချပ် ၎င်းကျည် ၂၀၀၊ အမ်-၁၆ (၁)လက် ၎င်းဘောက် ၁ ချပ် ၎င်းကျည် ၅၀၊ အေကေစက်လတ် (၁)လက်၊ ၎င်းကျည်ခါးပတ် ၁ တွဲ၊ တလုံးထိုးပစ္စတို (၁)လက်၊ ဗွီအိတ်ခ်ျ-၁၅၀ လမ်းလျှောက်စကားပြောစက် (၁)လုံး၊ စုစုပေါင်းလက်နက်မျိုးစုံ (၆)လက်နှင့်အတူ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ ဌာနချုပ်စစ်ကြောင်းသို့ လက်နက်ချကူးပြောင်းခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် နအဖတပ် ခလရ ၂၀ မှ ဒုတပ်ကြပ်အောင်ကိုဦး၊ ဒုတပ်ကြပ်စိန်ကြာထွန်း၊ ဒုတပ်ကြပ်မောင်ဌေး တို့ (၃)ဦးသည် အမ်-၇၉ (၁)လက် ၎င်းကျည် ၉၊ အမ်အေ-၂ (၃)လက် ၎င်းဘောက် ၁၄ ချပ် ၎င်းကျည် ၅၇၈၊ လက်ပစ်ဗုံး (၂)လုံး၊ ဒီ၆အမ် ဆက်သွယ်ရေးစက်ကြီး (၁)လုံးနှင့်အတူ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၁၆ ထံ လက်နက်ချကူးပြောင်းခဲ့သည်။

နိုဝင်ဘာ ၈ ရက်တွင် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၃ ရင်း ၈ နှင့် တပ်မဟာ ၂ ဌာနချုပ်စစ်ကြောင်း ပူးတွဲတပ်ဖွဲ့က နအဖ စကခ ၂၁ လက်အောက်ခံ စစ်ကြောင်းတကြောင်းကို ထန်းတပင်မြို့နယ် ဂမူလိုဂွင် ဘလောဒေးတွင် မိုင်းပဒေသာစစ်ဆင်တိုက်ခိုက်ရာ ရန်သူ (၁၂)ယောက်သေ၊ (၁၅)ယောက် ဒဏ်ရာရသွားသည်။