နောက်ဆုံးသတင်း - မြန်မာ

Wednesday, 30 September 2009

မာမီသန်းရွှေရဲ့ နောက်ဆုံးပေါ် ယတြာချေနည်း


အော် ... နအဖ နအဖ ခေါင်းဆောင်လုပ်တဲ့သူများ မိုက်ရိုင်းချက်ကတော့ ဘယ်သူ့နဲ့မှ မတူအောင် လှန်ထွက်နေတာပဲ။ အတိုက်အခံပါတီတွေကို ရန်စလိုက်၊ ကျောင်းသားတွေကို ရန်စလိုက်၊ နောက် ဘုန်းကြီးကိုပါ ရန်လာစပြန်ပြီး။ အခုတော့ ဘုန်းကြီးတွေကို ဖင်ခွထိုင်တဲ့ပုံစံမျိုးဖြစ်အောင် ရဲ၊ စစ်တပ်၊ ထောက်လှမ်းရေးနှင့် ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများက အသုံးပြုနေသည့် ဆိုင်ကယ်များကို လိမ္မော်ရောင် ပြောင်းလဲ၍ စီးနင်းခွင့်ပေးတယ်တဲ့။ ရွှေဝါရောင်တော်လှန်ရေးနဲ့ ဘုန်းကြီးတွေကို ဖင်ခွထိုင်တယ်ဆိုတဲ့ သဘောမျိုး နာမ်နှိမ်တဲ့ပုံစံလုပ်တာတဲ့။
ကြားရတာတဲ့သတင်းက စိတ်မကောင်းစရာတွေပါလား။ ဒါ... မာမီသန်းရွှေရဲ့ အာဏာတည်မြဲရေးအတွက် နောက်ဆုံးပေါ် ယတြာချေနည်း တမျိုးပါပဲ။ ။

Friday, 18 September 2009

ခွပ်ဒေါင်းတို့ရဲ့မာန်

khundawn
ဒေါင်းအလံတလက်နဲ့ မောင်းပျံသေနတ်တဖက်
ခွပ်ဒေါင်းအလံတလူလူ တိုင်းအကျိုးပြည်အတွက်
သွေးမပျက်စတမ်း တက်လှမ်းညီစွာ
ဒေါင်းသံသာ၍ အောင်ပန်းဆွတ်ခူး
သွေးအိုင်လူးနေပါစေ ဒူးထောက်အညံ့မခံတာ
ကျောင်းသားတွေရဲ့ အားမာန်စိတ်ဓာတ်ပါ။

သမိုင်းအစဉ်ဆက် ဒို့တိုင်းပြည်အတွက်
ခွပ်ဒေါင်းသားတွေ ရဲရင့်ပြတ်သား
ပြည်သူများအတွက် ကိုယ်ကျိုးမဖက်
အရှေ့ဆုံးမှချီတက် မဆုတ်မနှစ်
ခွပ်ဒေါင်းအလံတစ်လက်နှင့် ကလောင်တံတဖက်
စစ်အာဏာရှင်နစ် ကျဆုံးရေးအတွက် အားမာန်အပြည့်နှင့်
အရှေ့ဆုံးက ဦးဆောင်ချီတက်တတ်ကြတာ ကျောင်းသားခွပ်ဒေါင်းတို့ရဲ့ အားမာန်ပါ။

ပြည်သူ့သားကောင်း ရဟန်းအပေါင်းအား
မတရားသတ်ဖြတ် သွေးငတ်နေတဲ့ စစ်ဘီလူး
ဒင်းတို့လို တဏှာရှူး အာဏာမူးတွေ လုပ်ထားကြဦးပေါ့

တနေ့ကြရင် အာဏာရှင်စနစ်ဆိုး မျိုးရိုးမကျန် အမြှစ်ပါလှန်မယ်
ဒါဟာ ခွပ်ဒေါင်းတို့ရဲ့ တောင်ပံခတ်သံ သမိုင်းတကွေ့မှာ ဒင်းတို့ခံကြပေါ့

အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အသက်၊ သွေး၊ ချွေးတွေကို မတရား စုပ်ယူစားသုံးနေကြပေါ့

တိုင်းပြည်ရဲ့ ရတနာဘဏ္ဍာငွေကြေးတွေကို ခိုးယူဝှက်ထားကြဦးပေါ့

အာဏာရှူး ခွေးဘီလူးတွေ အမဲရိုးလုစားသလို ပျော်ပျော်ကြီးစားသုံးနေကြဦးပေါ့

ကျောင်းသားအပေါင်း ခွပ်ဒေါင်းသားတို့ ငြိမ်းချမ်းရေးအတွက် သွေးမပျက်
ခွပ်ဒေါင်းသားတွေ အားမာန်တက်။ ။

ရဲဘော် သံမဏိ

Monday, 14 September 2009

၂၀၁၀ ရွေးကောက်ပွဲသာလျှင် အသက်ကယ်ဆေး


တိုင်းရင်းသားတွေ ထောက်ခံခံ မခံခံ
ငါတို့ကတော့ ... ကိုယ့်မြင်းကိုယ်စီး၊ ကိုယ့်ဆိုင်းကိုယ်တီးမှာပဲ။

နိုင်ငံရေးပါတီတွေ လက်ခံခံ မခံခံ
ငါတို့ကတော့ ... ကိုယ့်စည်းကိုယ့်မျဉ်း၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်မှာပဲ။

ပြည်သူတွေ ကြိုက်ကြိုက် မကြိုက်ကြိုက်
ငါတို့ကတော့ ... ကိုယ့်အမိန့် ကိုယ့်အာဏာနဲ့ ကိုယ့်ကြိုက်သလို အုပ်ချုပ်မှာပဲ။

ဘယ်သူတွေ ဘာပဲပြောပြော
ငါတို့ကတော့ ... ၂၀၁၀ ရွေးကောက်ပွဲသာလျှင် ကိုယ့်အတွက် အသက်ကယ်ဆေးပဲ။

အဲ့ဒါ ... ဘာလဲ ... သိလား
အဲ့ဒါ ... နွားပါးတယောထိုး ... (နွားအဖွဲ့-နအဖ) ပဲ ။ ။

ရောင်နီဦး

Friday, 11 September 2009

မြန်မာပြည်ကြီး လွတ်မြောက်ပါစေ


အာရှမှာ မြန်မာက ချမ်းသာကြွယ်ဝခဲ့တယ်
အာရှနိုင်ငံတွေရဲ့ စပါးကျီလို့လဲ တင်စားခံရတယ်။

အခုတော့ ...
ကမ္ဘာ့နိုင်ငံတွေကို မပြောနဲ့ အာရှမှာ
အဆင်းရဲဆုံးတဲ့။

မြန်မာပြည်သူတွေရဲ့ ညံ့ဖျင်းမှုလား ... မဟုတ်ပါဘူး
ငါ ... ပြောရဲတယ်။

အေအိုင်ဒီအက်စ် ရောဂါဆိုးပမာ
စစ်အာဏာရှင်စနစ် ရောဂါဆိုးက
မြန်မာပြည်ကြီးကို စွဲကပ်နေလို့ပဲ။

မသေရုံတမယ် ရောဂါခံစားနေရတဲ့
ဒို့ ... မြန်မာပြည်ကြီး အမြန်ဆုံးလွတ်မြောက်ပါစေ။ ။

Thursday, 10 September 2009

ပြည်သူ့ဘဏ္ဍာငွေများကို ခိုးစားနေသည့် နအဖ ဗိုလ်ချုပ်များ

ဖိုးဇော်
ကြာသပတေးနေ့၊ စက်တင်ဘာလ 10 ရက် 2009 ခုနှစ် 18 နာရီ 49 မိနစ်
Mizzima သတင်း

ချင်းမိုင်။ ။ စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ ရောင်းရငွေမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၈၀၁ သန်းကို စာရင်းဖျောက်ပြီး စင်္ကာပူရှိ ဘဏ်နှစ်ခုတွင် လျှို့ဝှက်သိမ်းဆည်းထားသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ အခြေစိုက် Earth Rights International အဖွဲ့က ထုတ်ပြန်သော စာမျက်နှာ ၁၁၀ ပါ Total Impact: The Human Rights, Environmental, and Financial Impacts of Total and Chevron’s Yadana Gas Project in Military-Ruled Burma (Myanmar) အစီရင်ခံစာက မြန်မာစစ်အစိုးရသည် ဓာတ်ငွေ့ရောင်းချရငွေများကို စာရင်းလျော့ပြပြီး စင်္ကာပူနိုင်ငံ Overseas Chinese Banking Corporation (OCBC) ဘဏ်နှင့် DBS Group တို့တွင် အပ်နှံထားသည်ဟု ဆိုသည်။

ရတနာသဘာဝဓာတ်ငွေ့လုပ်ငန်းက မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၄.၈၃ ဘီလီယံ (ကျပ်ငွေ သန်းပေါင်း ၄.၅၆ သန်းခန့်) ရရှိပြီးဖြစ်သော်လည်း စစ်အစိုးရက နိုင်ငံတော်ဘဏ္ဍာ ဝင်ငွေစာရင်းပြသရာတွင် ဒေါ်လာ ၂၉ သန်းသာ ပြထားသည် အစီရင်ခံစာတွင် ပါရှိသည်။

“ကျနော်တို့ ရရှိတဲ့ အချက်အလက်တွေက ခိုင်လုံတိကျမှု မရှိဘဲနဲ့ ကျနော်တို့ သတင်းတွေ တင်ရဲမှာ မဟုတ်ပါဘူး” ဟု ERI မှ ပြာရေးဆိုခွင့်ရှိသူ ဦးနိုင်ထူးက မဇ္စျိမကို ပြောသည်။

"ဒီဂက်စ် (သဘာဝဓာတ်ငွေ့) က ရတဲ့ငွေတွေကို မြန်မာပြည်ရဲ့ ဝင်ငွေထဲမှာ မဖော်ပြခဲ့ဘူး။ အဲဒါကို သူတို့ရဲ့ နှစ်စဉ်အစီရင်ခံစာထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီဟာကို ပြန်ပြီးစစ်ဆေးလိုက်တဲ့ အခါကျတော့ ဒီပိုက်ဆံတွေက စကာင်္ပူက ဘဏ်နှစ်ခုထဲ ရောက်နေတယ်။”

ERI အနေဖြင့် ၂ နှစ်ကြာ သုတေသနလုပ်ထားခဲ့ပြီး အစီရင်ခံစာကို ရေးသားထားခြင်းဖြစ်ကာ "ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်တခု” ကို ကိုးကားပြီး ဖော်ထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကို ၁၉၉၂ ခုနှစ်မှ စတင်ခဲ့ပြီး ပြင်သစ်နိုင်ငံ Total ကုမ္ပဏီနှင့် အမေရိကန်နိုင်ငံ Chevron တို့က ဦးဆောင်ကာ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတို့ ပါဝင်သည်။

ပြဿနာများဖြင့် ရှုပ်ထွေးအငြင်းပွားစရာဖြစ်နေခဲ့သည့် ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးလည်း ဖြစ်ခဲ့သည်။

ပိုက်လိုင်းဖောက်လုပ်ရာ လမ်းတလျှောက်ဒေသခံများကို စစ်တပ်က အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ လယ်မြေခြံမြေများ သိမ်းဆည်းခြင်းနှင့် ရွှေ့ပြောင်းခြင်းများ ရှိနေခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသည့် လှုံ့ဆော်သူများက ပြောသည်။

မြန်မာ့စစ်တပ်က ပိုက်လိုင်းလုံခြုံရေး ယူထားပေးပြီး အာဏာပိုင်များက လုပ်အားပေးဆင့်ခေါ်ခြင်းများ ဆက်လက် ရှိနေသေးသည်ဟု လှုံ့ဆော်သူများက ပြောသည်။ ပြီးခဲ့သည့်လက Total က လုပ်အားပေး စေခိုင်းမှုများ မရှိတော့ဟု ငြင်းဆိုထားသည်။

တနင်္သာရီတိုင်း မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်ကွေ့မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ကီလိုမီတာ ၄၁၂ ကီလို ရှည်လျားသော ပိုက်လိုင်းဖြင့် ထိုင်းနိုင်ငံ ရတ်ချဘူရီခရိုင်အတွင်းသို့ သွယ်တန်းရောင်းချထားသည်။

အစီရင်ခံစာတွင် မြန်မာစစ်အစိုးရသည် သဘာဝဓာတ်ငွေ့ ရောင်းရငွေကို အမေရိကန် တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၆ ကျပ်နှင့် ညီသည်ဆိုသော အမှန်တကယ် အလုပ်မဖြစ်တော့သော တရားဝင် နိုင်ငံခြားငွေလဲနှုန်းကို အသုံးပြုကာ နိုင်ငံတော်ဝင်ငွေတွင် ပြသထားသည်ဟု ဆိုသည်။ ယခုလက်ရှိ ပြင်ပငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၁၀၀၀ ကျပ် ခန့်ဖြစ်သည်။

၆ ကျပ်နှုန်းဖြင့် တွက်ချက်ကာ စာရင်းသွင်းလိုက်သဖြင့် ၂၀၀၇-၂၀၀၈ ဘဏ္ဍာငွေစာရင်းတွင် သဘာဝဓာတ်ငွေ့မှ ရရှိသော ဝင်ငွေသည် ၁ ရာခိုင်နှုန်းအောက် ရောက်သွားတော့သည်။ ပြင်ပပေါက်ဈေးနှင့်သာတွက်လျှင် ၅၇ ရာခိုင်နှုန်းပင် ရှိသည်ဟု ပါရှိသည်။

စစ်အစိုးရက သဘာဝဓာတ်ငွေ့ရောင်းချခြင်းမှရသော ဝင်ငွေကို ၄.၈၃ ဘီလီယံဒေါ်လာဟု ပြသရမည့်အစား ဒေါ်လာ ၂၉ သန်းဟုသာ စာရင်းသွင်းထားသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

"ဝင်ငွေများ၏ အကျိုးဆက်မှာ Total နှင့် Chevron တို့မှ နအဖစစ်အစိုးကို ခေါင်းမာလာစေရန် အားပေးအားမြှောက် ပြုလုပ်ရာတွင် အဓိက ပါဝင်သည်သာမက နအဖ စစ်အစိုးရအပေါ် နိုင်ငံတကာနှင့် ပြည်တွင်းတို့၏ ဖိအားပေးမှုများကို ထိရောက်မှု မရှိလာသည့်အပေါ် အဓိက အကြောင်းရင်းတခု ဖြစ်သည်” ဟု ERI ကြေညာချက်တွင် ပါရှိသည်။

“အခုသူတို့မှာက ဒီပိုက်ဆံတွေ လက်ထဲမှာရှိနေတော့ သူတို့ ဘာလုပ်လုပ်၊ လုပ်လို့ရတယ်လေ။ အဲဒီတော့ ဒီပိုက်ဆံတွေကို စင်္ကာပူအစိုးရတို့၊ သက်ဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းတွေက အဲဒီပိုက်ဆံတွေကို ရပ်တန့်ထားနိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတခု ဖြစ်လာမယ်လို့ ထင်ပါတယ်” ဟု ဦးနိုင်ထူးက ပြောသည်။