နောက်ဆုံးသတင်း - မြန်မာ
Wednesday, 11 August 2010
Friday, 16 July 2010
နအဖ တပ်အင်အား ၁,၀၀၀ခန့် ၀င်ရောက်လှုပ်ရှားလာ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ရှိ ၀င်းရေးနှင့် ကြာအင်းမြို့နယ်တို့တွင် ယခုလဆန်း ပိုင်းမှစ၍ နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ ပူးပေါင်းကာ အင်အား ၁,၀၀၀ခန့်ရှိသည့် စစ်ကြောင်း (၆)ကြောင်းဖြင့် ၀င်ရောက်လှုပ် ရှားလာသည်ဟု သတင်းရရှိသည်။
ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ပါဝင်သော နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈) လက်အောက်ခံ ခမရ (၄၀၆)၊ (၄၀၁)တပ်ရင်း များ၊ နည်းဗျူဟာ-နဗဟ (၃)တပ်ဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) စစ်ဗျူဟာ(၃)တို့ ပူးပေါင်းကာ ၀င်းရေးမြို့နယ် အနန်းကွင်းကျေးရွာတွင် အခြေချရန် ယခုလ ၅ရက်နေ့က စတင် ၀င်ရောက်လှုပ်ရှားလာသည်ဟု ကေအဲန်ယူ၏ စစ်ရေးမှတ်တမ်း များအရ သိရသည်။
အဆိုပါ နအဖ တပ်များ ၀င်ရောက်လှုပ်ရှားရာတွင် ဒီကေဘီအေ တပ်ရင်း (၉၀၇)၊ (၉၀၁)၊ (၉၀၆)တပ်ဖွဲ့ဝင်များက လမ်းပြအဖြစ် တပ်ရင်းတရင်းစီကို ဒီကေဘီအေ တပ်ဖွဲ့ဝင် ၂၀ဦးခန့် ပါဝင်လိုက်ပါရပြီး ယခုလ ၈ရက်နေ့တွင် ၎င်းတို့တပ်ဖွဲ့များ အခြေချမည့် အနန်းကွင်းနှင့် သံပုရာကျေးရွာများသို့ ရောက်ရှိနေပြီဟု သိရသည်။
ကေအဲန်ယူ တပ်မဟာ(၆)မှ အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးစောထဲနေက “ကျနော်တို့ ဒီဝင်းရေးနယ်မှာ နအဖတပ် ခမရ(၄၀၇)၊ (၄၀၁)တပ်ရင်း စစ်ကြောင်းတွေ ဒီအနန်းကွင်းနဲ့ ဖားပြဂွင်မှာ ၀င်ရောက် လှုပ်ရှားလာတယ်။ အခု သူတို့ (နအဖ)က ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေနဲ့ ရောပြီးတော့မှ ၀င်လာတာ။ လူထုတွေကို ဖိအားပေးမှုတွေ၊ အနိုင်ကျင့် တာတွေတော့ မရှိသေးဘူး”ဟု ကေအိုင်စီ ကို ပြောသည်။
ထို့အပြင် စကခ (၈)လက်အောက်ခံ ခမရ(၄၀၁)တပ်ဖွဲ့ဝင်များ၊ ခရလ (၂၀၉)တို့သည် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၊ ကေပီအက်ဖ်-ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကြာအင်းမြို့နယ်အတွင်းသို့ ယခုလ ၅ရက်နေ့တွင် ၀င်ရောက် လှုပ်ရှားလျှက်ရှိကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နအဖ တပ်ဖွဲ့များနှင့် ဒီကေဘီအေတပ်ဖွဲ့များ ပူးပေါင်းကာ ကြာအင်းနှင့် ၀င်းရေးမြို့နယ်အတွင်း ၀င်ရောက် လှုပ်ရှားလာခြင်းအပေါ် ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက ယခုလို သုံးသပ်ပြောဆိုသည်။
“အခု သူတို့လှုပ်ရှားမှုရဲ့ အဓိပ္ပါယ်က တစ်တချက်က ဒီကေဘီအေအတွင်းမှာ နှုတ်ခမ်းမွေးကို ထိုးစစ်ဆင်ဖို့ နအဖတွေက ခိုင်း ထားတာ ကြာပြီ။ ဒါပေမဲ့ ဒီကေဘီအေက မလုပ်ဘူး။ နှုတ်ခမ်းမွေးကလည်း လာမည့် သြဂုတ်လ ၁၀ရက်နေ့မှာ အပြီးအပိုင် နယ် ခြားစောင့်တပ် ပြောင်းမပြောင်း အဖြေပေးရတော့မယ်လို့ နအဖက ပြောထားတယ်လေ။ တကယ်လို့ မပြောင်းဘူးဆိုရင် သူတို့အ နေနဲ့ တိုက်ဖို့ရည်ရွယ်ပြီး စစ်ကြောင်းတွေ ၀င်လာတာဖြစ်တယ်။ နှစ်အချက်က ကျနော်တို့ တပ်ရင်း(၁၆) အပါအ၀င် အဲဒီမှာ ရှိတဲ့ တပ်တွေက သူတို့ကို ချေမှုန်းထားတာရှိတယ်လေ။ သူတို့လူတွေ အကြီးကျယ်ဆုံးတဲ့အပေါ်မှာ သူတို့သိက္ခာတွေ ကျဆင်းစေ တယ်။ အဲဒီအပေါ်မှာ ပြန်တုန့်ပြန်ဖို့ ဖြစ်နိုင်တယ်”ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။
ထို့အပြင် သူက “မကြာခင်မှာ နအဖ စစ်အုပ်စုအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတော့မယ်လေ။ အဲဒီအတွက် ကြံ့ဖွံ့တွေ မဲဆွယ်လှုပ်ရှားမှုတွေ လုပ်လာမယ်။ မြို့တွေနဲ့ မြို့အစပ်တွေမှာ အဲဒီလှုပ်ရှားမှုတွေအတွက် လုံခြုံရေး ယူပေးရမယ်။ အဲဒီအတွက် အခု မိုးရာသီမှာစပြီးတော့ ထိုးစစ်ဆင်ပြီး စစ်ကြောင်း (၆)ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာဖြစ်တယ်”ဟု သုံးသပ် ပြောဆိုသွားသည်။
ဒီကေဘီအေ တပ်မဟာ(၅) တပ်ဖွဲ့ဝင်တဦးက “နအဖတပ်တွေ လူထုတွေကို အနိုင်ကျင့်မှာကို စိုးရိမ်လို့ သူတို့လိုက်ပါရတာ ဖြစ် နိုင်တယ်။ အခု ဒီက ဒီကေဘီအေတွေက သူတို့(နအဖ)ရဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို သိပ်နားမထောင်တဲ့အပေါ်မှာ သူတို့ ရဲ့လှည့်ကွက်တခုလည်း ဖြစ်နိုင်တယ်”ဟု ပြောသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စကခ (၈)မှ ဗိုလ်မှူးချုပ်သန်းစိုးက ဒီကေဘီအေ တပ်မဟာ(၅)တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)ကို လာမည့် သြဂုတ်လ ၁၀ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်ဖွဲ့ရန် ဇွန်လ ဆန်းပိုင်းက သတိပေးထားသည်ဟု နယ်စပ်သတင်းရပ်ကွက်များက ပြောသည်။
ထို့အပြင် ဒီကေဘီအေ တပ်မဟာ (၉၉၉) ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူက ကရင်အချင်းချင်း တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှု များ မလုပ်တော့ဘူးဟု ဇွန်လ ၂၆ရက်နေ့က မြ၀တီမြို့နယ်ရှိ ရွှေကုက္ကိုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည့် တိုက်ပွဲများကြောင့် ကျ ဆုံးသွားခဲ့သော ဒီကေဘီအေ ခေါင်းဆောင်များနှင့် ရဲဘော်များအား အောက်မေ့ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဒီကေဘီအေအပေါ် နအဖ ဖိအားပေးမှုနောက်ပိုင်း ဒီကေဘီအေအတွင်း သဘော ထား မတိုက်ဆိုင်မှုများ ရှိလာပြီး တပ်ဖွဲ့ဝင်အချို့သည် ကေအဲန်ယူနှင့် နားလည်မှုယူ၊ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်လာသည့် အပြင် ဒီကေဘီအေတပ်ဖွဲ့ဝင် တစ်ဦးစနှစ်စသော်လည်းကောင်း၊ တပ်ခွဲအလိုက်၊ တပ်စုအလိုက်သော်လည်းကောင်း ကေအဲန်ယူ ဘက်သို့ ကူးပြောင်းလာမှုအပေါ် နအဖအနေဖြင့် ကေအဲန်ယူနှင့် ဒီကေဘီအေအကြား ဆက်ဆံရေး ကောင်းမွန်လာမည်ကို စိုးရိမ် ကာ ၎င်းတို့ စစ်ရေးလှုပ်ရှားရာ စစ်ကြောင်းနှင့်အတူ ဒီကေဘီအေတပ်ဖွဲ့ဝင်များကို ခေါ်ယူလိုက်ပါခြင်းဖြစ်သည်ဟု သုံးသပ်သူများ လည်း ရှိသည်။
Wednesday, 14 July 2010
ဒီကေဘီအေ တပ်စုတစု ကေအဲန်ယူထံ လာရောက်ပူးပေါင်း
ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲ့စရီဂွင်အတွင်း လှုပ်ရှားနေသည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ) တပ်မဟာ(၉၉၉) အထူးတပ်ရင်းမှ တပ်စုတစုသည် လက်နက်အပြည့်အစုံနှင့်အတူ ကေအဲန်ယူ တပ်မဟာ(၇)ထံ ယမန်နေ့က လာရောက်ပူးပေါင်းခဲ့သည်။
သူက “ရှေ့တန်းမှာနေတာ လကတော့ကုန်ပြီ။ ရိက္ခာသွားထုတ်ခွင့်မရသေးဘူး။ သွားထုတ်တော့လည်း အပြည့်အ၀ မရဘူး။ သားငါးတကီလိုလောက် ၀ယ်စားဖို့အတွက် ရဲဘော်တွေ မီးသွေးဖုတ် ရောင်းရတဲ့အဖြစ်ဆိုတော့ တပ်စုမှူးတစ်ယောက်အနေနဲ့ မခံစားနိုင်ဘူး။ နောက်တစ်ခုက ဗမာ့တပ်မတော်တံဆိပ်တပ်ပြီး ဗမာစစ်သားသွားလုပ်ရမဲ့ဥစ္စာကို ကျနော်တို့ လုံးဝ သဘောမတူဘူး။ အဲဒါကြောင့် ဒီက ဆရာသမား၊ ညီအစ်ကိုတွေဆီ ပြန်လာတာ အကောင်းဆုံးနည်းလမ်းပဲလေ”ဟု ပြောသည်။
အဆိုပါ လာရောက်ပူးပေါင်းကြသူများမှာ ဒုဗိုလ်စောမျိုးမျိုး ၂၉နှစ်၊ တပ်ကြပ်ကြီး စောကလော်ဟီး ၅၄နှစ်၊ တပ်ကြပ် မောင်ဝင်း နေ ၂၆နှစ်၊ တပ်သားအောင်စိန် ၂၇နှစ်၊ တပ်သားမိုးကြိုး ၂၅နှစ်၊ တပ်သားစိုးလင်း ၂၀နှစ်နှင့် တပ်သားစောလားဖိုး ၁၈နှစ်တို့ ဖြစ်ပြီး ၎င်းတို့နှင့်အတူ 9-MM တစ်လက်၊ M-79 တစ်လက်၊ Carbine တစ်လက်၊ AK သုံးလက်၊ M-16 နှစ်လက်နှင့် ကျည်ဆံ တချို့ ပါဝင်သည်ဟု သိရသည်။
ကေအဲန်ယူထံလာရောက်ပူးပေါင်းမှုကြောင့် ဒီကေဘီအေ တပ်စုမှူးဒုဗိုလ်စောမျိုးမျိုးနှင့် တပ်ကြပ်ကြီး စောကလော်ဟီးတို့၏ မိသားစုများကို ဒီကေဘီအေ တပ်မဟာ(၉၉၉)အထူးတပ်ရင်းမှ ဖမ်းဆီးချုပ်နှောင်ထားကာ ညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်နေ ကြောင်း သိရသည်။
တပ်ကြပ်ကြီး စောကလော်ဟီးက “ကျနော်တို့ ဒီဘက်ကို ရောက်ရောက်ချင်းမှာပဲ သူတို့တွေ ကျနော့်မိန်းမနဲ့ ကလေး ၂ ယောက်ကို အချုပ်ခန်းထဲကို ဖမ်းထည့်ပြီး ခြိမ်းခြောက်အကြပ်ကိုင်တာတွေ လုပ်နေတယ်လို့ သိရတယ်။ ကလေးက ၂နှစ်နဲ့ ၅နှစ်ပဲ ရှိသေးတယ်၊ ဘာမှသိတာမဟုတ်ဘူး။ ဒီလုပ်ရပ်တွေဟာ တိရိစ္ဆာန်ထက်တောင် ပိုဆိုးတယ်”ဟု ပြောသည်။
ဒီကေဘီအေတွင် (၂)လသာ တာဝန်ထမ်းဆောင်ရသေးသူ တပ်သားအောင်စိန်ကလည်း “မိန်းမနဲ့ ကလေးတွေကို စိုးရိမ်လွန်း လို့ ကျနော် ငိုခဲ့ရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ အခု ကျနော့် မိန်းမနဲ့ကလေးတွေကလည်း အချုပ်ခန်းထဲမှာပဲလား မသိဘူး။ တယောက်က နို့စို့အရွယ်ပဲရှိသေးတော့ အရမ်း စိုးရိမ်တာပေါ့။”ဟု ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေ တပ်မဟာ(၉၉၉)မှ အထူးတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမောင်ဝင်းကို ကေအိုင်စီက ယနေ့ ဆက်သွယ်မေးမြန်းရာ ဖုန်းလိုင်းမရရှိခဲ့ပေ။
ယခုပြန်လည်ရောက်ရှိလာကြသူများထဲတွင် ယခင်က ကေအဲန် ယူတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးကြသူများ ပါဝင်သလို အတင်း အဓမ္မ စစ်သားစုဆောင်းခံရသူများလည်း ပါဝင်ပြီး အချို့မှာ ကေအဲန်ယူနှင့်လက်တွဲကာ တိုက်ပွဲဝင်မည့်သူများရှိသလို သာမန် အရပ်သားအဖြစ် နေထိုင်သွားမည့်သူများလည်းရှိသည့်အတွက် ၎င်းတို့၏ဆန္ဒအတိုင်း စီစဉ်လိုက်လျောသွားမည်ဟု ကေအဲန် အယ်လ်အေ တပ်ရင်း (၁၀၁)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖောဒိုက ပြောသည်။
လက်ရှိအချိန်တွင် အင်အား ၄၀၀၀ကျော်ရှိသည့် ဒီကေဘီအေတပ်ဖွဲ့တွင် (၉၉၉)တပ်မဟာသည် အင်အားအများဆုံး ဖြစ် သည်။
Sunday, 11 July 2010
မပြေလည် မလောက်ငလို့ တပ်က နုတ်ထွက်ကြ
မြန်မာစစ်တပ်တွင်း မကျေလည်မှုတွေ၊ လစာ မလောက်ငှလို့ စားဝတ်နေရေး ကြပ်တည်းမှုတွေကြောင့် တပ်မတော်သားတွေ အစုလိုက် အပြုံလိုက် နုတ်ထွက်ခွင့် တောင်းခံ နေတာ၊ ခွင့်မဲ့ပျက်ကွက်ပြီး တပ်ကို ပြန်မသွားတော့တာတွေ ရှိနေ ပါတယ်။
ကျွန်တော်က တပ်သားပါ၊ တပ်သားလစာ ၂၅၀၀၀ လောက်ပဲ ရတယ်၊ မလောက်ဘူး။ အပြင်မှာ လုပ်ရင် ၅၀၀၀၀ ကနေ ၈၀၀၀၀ ကျပ် လောက် ရတယ်။ တပ်ထဲ ဝင်တာ အနေအစား ချောင်မလားလို့ ဝင်တာ၊ တပ်ထဲမှာက ပိုဆိုးနေတယ်လို့ ရှမ်းပြည်နယ် ကလောမြို့ အခြေစိုက် တပ်မ ၅၅ လက်အောက်ခံ နောင်ချို အခြေစိုက် ခမရ ၁၇ က တပ်သား တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တပ်ကပြေးရင် အရေးယူတယ် ဆိုပေမယ့် လွတ်အောင်တော့ ပြေးရတာပဲလို့ သူက ဆိုပါတယ်။ တပ်က ပြေးတာရော၊ ထွက်စာ တင်တာရော၊ ခွင့်မဲ့ ပျက်ကွက်တာ တွေရော ရှိတယ်လို့လည်း ပြောပါတယ်။တပ်ရင်းမှူးက အစ နုတ်ထွက်စာ တင်တယ်။ သူ့ခမျာလည်း တပ်ရင်းရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အထွေထွေ အကြပ်အတည်း တွေကို ကိုယ်တိုင် ဖြေရှင်း ရတယ်၊ အထက်ကို လိုအပ်ချက်တွေ တင်ပြတော့လည်း အမိန့်ပဲ လာတယ်၊ သူတို့တွေ တော်တော် အခက်အခဲ ရှိပုံရတယ်၊ သူတို့တောင် ခက်ခဲတော့ ငယ်သားတွေ ပိုဆိုး တာပေါ့၊ ဒါကြောင့် ထွက်စာတွေ တင်ကြတာလို့ တပ်သားက ပြောပါတယ်။
တပ်ရင်းမှူးအပြင် ဒုအရာခံဗိုလ်၊ အကြပ် တပ်သား ရဲဘော်တွေက ဗျူဟာမှူးဆီ ထွက်စာတွေ တင်ထားပေမယ့် ခွင့်မပြုဘူး၊ ကြာပြီလို့ သူက ပြောပါတယ်။
ဒါ့အပြင် အရာရှိငယ်တွေ ဖြစ်တဲ့ ဒုဗိုလ်တွေ၊ ဗိုလ်တွေကလည်း မနက်ဘက် တန်းလည်း မစီတော့ဘူး၊ ညနေဘက် အပြင်ထွက်ပြီး ညဘက်လည်း ပြန်မဝင်ဘူး။ အပြင်ထွက် လောင်းကစားလုပ်၊ သောက်စား မူးယစ်တာတွေ လုပ်ကြတယ်၊ တပ်က ဖွဲ့စည်းပုံ ပျက်နေပြီလို့ တပ်သားက ဘီဘီစီကို ပြောပါတယ်။
လစာက နည်းရတဲ့ ကြားထဲ ဘဏ်မှာ စုရမယ် ဆိုပြီး၊ လစာကနေ တစ်လ ၅၀၀၀ ကျပ် ဖြတ်တယ်။ နှစ်ပေါက် လာပြီးနောက် လိုအပ်လို့ အဲဒီ စုငွေကို ထုတ်ပေးဖို့ ပြောတော့ ထုတ်ပေးလိုက်ရင် မင်းတို့ ပြေးမှာပဲ ဆိုပြီး မထုတ်ပေးဘူးလို့ သူက ပြောပါတယ်။
လစာ မလောက်ငတော့ အကြပ်၊ စစ်သည်တွေနဲ့ အရာခံဗိုလ်တွေရဲ့ မိန်းမတွေက စျေးရောင်း ရတယ်၊ ထင်းခုတ်၊ အပြင်ထွက် ပိုက်ဆံရှာ စတာတွေ လုပ်ပြီး စားဝတ် နေရေး ဖြေရှင်း နေရတယ်လို့ ဆိုပါတယ်။
Thursday, 29 April 2010
နယ်ခြားစောင့်တပ်ဖွဲ့ရန် ဒီကေဘီအေက ယေဘုယျ သဘောတူထား
နအဖ စစ်အစိုးရတို့ ကမ်းလှမ်းထားသည့် အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသား တပ်မတော် (ဒီကေဘီအေ)က ယေဘုယျအားဖြင့် သဘောတူထားကြောင်း သိရသည်။
ယမန်နေ့က ဒီကေဘီအေ ဌာနချုပ်တည်ရှိရာ မြိုင်ကြီးငူအထူးဒေသတွင် ဒီကေဘီအေ အရာရှိကြီးများနှင့် နအဖ အရှေ့တောင် တိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်း ဦးဆောင်သောအဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှ ယင်းသို့ သဘောတူထားခြင်းဖြစ် သည်ဟု အစည်းအဝေးကို တက်ရောက်ခဲ့သူ ဒီကေဘီအေ တပ်မဟာ (၉၉၉)မှ တပ်ရင်းမှူးတဦးက ယခုလို ပြောဆိုသည်။
သူက “မနေ့က အစည်းအဝေးမှာ ဘုန်းကြီး မပါပေမယ့် ဒီကေဘီအေ ခေါင်းဆောင်အားလုံးနီးပါး ပါတယ်။ နအဖ ဘက်ကတော့ ဒု တိုင်းမှူးနဲ့အဖွဲ့ ပါတယ်။ ကျနော်တို့ ဆွေးနွေးပြီး သဘောတူကြတာဖြစ်တယ်။ ဒီလိုဆွေးနွေးရာမှာ ကျနော်တို့ ဌာနချုပ်ကို ဘယ်နေ ရာမှာ ထားမလဲ။ တပ်တွေကို ဘယ်လိုနေရာယူရမလဲ စတာတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်”ဟု ကေအိုင်စီကို ယနေ့ ပြောဆို သည်။
ယနေ့သည် စစ်အစိုးရက အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် သတ်မှတ်ထားသည့် အတွက် အဆိုပါအစည်းအဝေးသို့ တက်ရောက်သည့် ဒီကေဘီအေခေါင်းဆောင်များက သဘောတူလိုက်ခြင်းဖြစ်ပြီး ဒီကေဘီအေ မှ ၎င်းတို့၏လုပ်ပိုင်ခွင့်အချို့ကို နအဖဘက်မှ မဆုံးဖြတ်ပေးနိုင်သေးသဖြင့် ဗိုလ်ချုပ်ရဲမြင့်နှင့် ပြောဆိုရမည်ဟု တပ်မှူးတဦးက ပြော သည်။
သို့သော်လည်း ထိုနယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအစီအစဉ်ကို သဘောမတူသည့် ဒီကေဘီအေ အဖွဲ့ဝင်များလည်းရှိပြီး ဒီ ကေဘီအေ တပ်မဟာ (၅)မှူး ဗိုလ်မှူးကြီးစောလားပွယ်နှင့် ကလိုထူးဘော ဗျူဟာမှူး ဒုဗိုလ်မှူးကြီး စောမုတ်သုန်တို့က ယမန်နေ့ အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိကြောင်း နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဒီကေဘီအေက လက်ခံသဘောတူလိုက်သော်လည်း ၂၀၀၇ခုနှစ် က စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် ကေအဲန်ယူ-ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီက လုံးဝ လက်မခံနိုင်ကြောင်း ယခုလ ၂၂ရက်နေ့က နအဖ ဗိုလ်ချုပ်ရဲမြင့်ထံသို့ စာရေးသားပေးပို့ခဲ့သည်ဟု သိရသည်။
Monday, 26 April 2010
နယ်ခြားစောင့်တပ် လက်မခံသည့် ကရင်အဖွဲ့၏ စီးပွားရေးလုပ်ငန်းများ စတင် ကန့်သတ်ပိတ်ပင်ခံရ
အဆိုပါအဖွဲ့မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတဦးက “မနေ့တနေ့က စပြီး မြ၀တီကနေ အောက်ကို ကုန်ပစ္စည်းပို့တဲ့ ကားကြီးတွေကို ခွင့်မပြုတော့ဘူး။ နောက်ပြီး မကြာခင်မှာ ကျနော်တို့ရဲ့ ခရီးသည်တင်ကား ပြေးဆွဲမှုတွေလည်း ရပ်ထားရတော့မယ်လို့ သတင်းရထားတယ်။ အဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ အဖိုးစောဌေးမောင်ကတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရမယ့်ကိစ္စကို လုံးဝလက်မခံဘူး။ ဒါကြောင့် ကျနော်တို့အဖွဲ့ကို အခုလိုမျိုး ပြဿနာ စလုပ်တာဖြစ်တယ်” ဟု ပြောသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က နအဖ၏အမိန့်ကို လက်မခံရခြင်းမှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပါက လက်ရှိ မိမိတို့အဖွဲ့အစည်း၏အမည်၊ အဖွဲ့၏အလံအပါအ၀င် တပ်ဖွဲ့အမှတ်အသားများနှင့် တပ်ဖွဲ့ဝင်များ၏ စစ်ယူနီဖောင်းမှအစ ပြောင်းလဲဝတ်ဆင်ရမည်ဖြစ်ပြီး နအဖအပေါ် သစ္စာရှိပါမည်ဟု ကတိပြုကြရမည် ဖြစ်သည့်အတွက် မိမိတို့ရည်ရွယ်ချက်များနှင့် လုံးဝသွေဖည်သဖြင့် လက်မခံခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအပါအ၀င် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကျန်ရှိနေသည့် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို ယခုလ (၂၈) ရက်တွင် နောက်ဆုံးထား၍ အသွင်ပြောင်းပေးရမည်ဟု အမိန့်ထုတ်ထားပြီး လက်မခံသည့် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် ကြေညာသွားမည်ဖြစ်ကြောင်း နအဖစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ခြိမ်းခြောက်ပြောဆိုထားသည်ဟု အပစ်ရပ်အဖွဲ့များက ပြောသည်။
စောဌေးမောင်အဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ်အသွင်ပြောင်းခြင်းကို လက်မခံပါက ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်သည်ဟု နအဖက ပြောဆိုလာသော်လည်း မည်သည့်ပြောင်းလဲဖွဲ့စည်းမှုကိုမှ လက်မခံဟု ကရင်ငြိမ်းချမ်းရေးကောင်စီက ပြောကြားလိုက်သည်။
နယ်ခြားစောင့်တပ်အဖြစ် လက်မခံသည့်ကိစ္စကို ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ၎င်းတို့ဌာနချုပ်တည်ရှိရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးကျေးရွာတွင် ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံအချို့တို့အား အသိပေးသည့် ရှင်းလင်းပွဲတရပ်ကို ယနေ့ပြုလုပ်ခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် ကရင်ငြိမ်းချမ်းရေးကောင်စီက နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းကို လက်မခံဘဲ ကရင်အာဇာနည် ဖြစ်သည့် စောဘဦးကြီး ချမှတ်သွားသည့် လက်နက်ချစကား အလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲ ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်၊ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်ဆိုသည့် မူ (၄) ချက်ကို ဆက်လက် ကိုင်စွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
နအဖ၏နယ်ခြားစောင့်တပ်တွင် အပစ်ရပ်အဖွဲ့များမှ အသက် (၄၀) အောက်များကိုသာ လက်ခံပြီး ကန့်သတ်အသက် ကျော်လွန်သည့် ကျန်တပ်ဖွဲ့ဝင်များမှာ အဖွဲ့မှ ထွက်ပေးရမည်ဖြစ်ကာ ၎င်းတို့ဖွဲ့စည်းပေးသည့် တပ်ဖွဲ့ဝင် အရေအတွက်အတိုင်း ထုတ်ပေးသည့် လက်နက်များကိုသာ ကိုင်ဆောင်ရမည်ဖြစ်ပြီး အပစ်ရပ်အဖွဲ့များရှိ လက်နက်အားလုံးကို နအဖထံ ပေးအပ်ရမည်ဟု မွန်အပစ်ရပ်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံနိုင်ကြောင်း ယမန်နှစ် နှစ်ကုန်ပိုင်း ဘားအံမြို့၌ နအဖအဆင့်မြင့် ဗိုလ်ချုပ်ကြီးများနှင့် ဆွေးနွေးခဲ့ရာတွင် စောဌေးမောင်က ပြောကြားထားပြီးဖြစ်သည်။
စောဌေးမောင်နှင့်အဖွဲ့သည် ၂၀၀၇ ခုနှစ်က ကေအန်ယူမှခွဲထွက်ပြီး နအဖနှင့်ပူးပေါင်းကာ ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်သည်။
စစ်အစိုးရတပ်တွေ ၀ စခန်းကို ပစ်ခတ်တိုက်ခိုက်
စစ်အစိုးရတပ်ဖြဲႛတေကြ ၀ူပည် သြေးစည်းညီင်္ီတ်ြရေး တပ္ဖဲၾႛေတၾကုိ မေနႛက စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ေုကာင်း သတင်းရရြိပၝတယ်။
ဧ္ဘပီလ ၂၃ ရက်နေႛက ညနေပိုင်းက ရမြ်ူးပည်တောင်ပိုင်းအေူခစိုက် ၀သပ တပ်ရင်း အမတြ် ၁၇၁ ကို စစ်အစိုးရတပ်တေကြ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတကြ် ပထမ တဋ္ဌကိမ် ၁၅ မိနစ်လောက် အူပန်အလနြ် ပစ်ခတ်တိုက်ခိုက်ခဲ့္ဘပီး ဒုတိယအဋ္ဌကိမ် ၁၀ မိနစ်လောက် အူပန်အလနြ် တိုက်ပြဲူဖစ်ပြားခဲ့ေုကာင်း ၀ တပ် အရာရြိနဲႛ ဆက်သယ်ြမေူးမန်း္ဘပီး ရမြ်းသံတော်ဆင့်သတင်းက ရေးသားဖော်ူပထားပၝတယ်။
တိုက်ူဖစ်ပြားရာနေရာတေကြတော့ ထိုင်ူးမန်မာနယ်စပ် ထိုင်းဘက်ူခမ်းက မယ်အီနဲႛ မဵက်ြိာံခဵင်းဆိုင် လောက်မြာရြိတဲ့ ရမြ်ူးပည်တောင်ပိုင်း မိုင်းဆပ်္ဘမြိႛနယ်အတငြ်ူးဖစ်ပြားခဲ့တာပၝ။
တိုက်ပြဲူဖစ်ပြား္ဘပီးနောက်ူမန်မာစစ်အစိုးရတပ်ဘက်ကေူပာဆိုရာမြာ SSA တောင်ပိုင်း တပ်တေလြိုႛ ထင်တဲ့အတကြ် မြားယငြ်း တိုက်ခိုက်မိတာူဖစ်ေုကာင်း ၀သပ ကို အေုကာင်ုးကားခဲ့တယ်လိုႛ ဆိုပၝတယ်။ ဒၝပေမယ့် ၀တပ်မြးကေူပာဆိုရာမြာတော့ ၀တပ်တေမြနြ်း သိလဵက္နဲႛ ရည္ရၾယ္ခဵက္နဲႛ ပစ်ခတ် တိုက်ခိုက်တာူဖစ်ေုကာင်း၊ ဒီဒေသမြာ ၀ တပ်ရင်းအမတြ် ၁၇၁ အေူခခဵ လပ်ြရြားနေတာ ၁၀ိံစ်ြကေဵာ် ရြ္ဘိပီူဖစ်တဲ့အတကြ် စစ်အစိုးရတပ်တေဟြာ ၀ တပ်တေမြနြ်း သိထား္ဘပီူဖစ်တယ်လိုႛေူပာဆိုပၝတယ်။
္ဘပီးခဲ့တဲ့ ၂၂ ရက်နေႛဟာ နယ်ူခားစောင့်တပ် အသငြ်ေူပာင်းရေးအတကြ် နောက်ဆုံးသတ်မတ်ြရက်ူဖစ်ေုကာင်း၊ ဒၝပေမယ့် ၀သပ ဘက်က ဘာမြ အေုကာင်းမူပန်တဲ့အတကြ် အခုလို တိုက်ခိုက်လာတာူဖစိုံင်ေုကာင်း အမည်မဖော်လိုတဲ့ ၀အရာရြိကေူပာပၝတယ်။
႓ပီးခဲ့တဲ့ ဧ႓ပီလ ၃ ရက္ေနႛက အခဵက္ ၈ ခဵက္ပၝဝင္တဲ့ တင္ဴပခဵက္တရပ္ကုိ ၀ ဘက္က စစ္အစုိးရထံ တင်ူပခဲ့္ဘပီး နောက်ပိုင်းကတည်းက ၀ ဘက်က ဆက်လက် ဆြေးြေိံးအေုကာင်ူးပန်ုကာူးခင်း မရြိတော့တာူဖစ်ပၝတယ်။
Saturday, 24 April 2010
စစ်တွေမြို့ လျှပ်စစ်မီးရရှိရေး အမျိုးသမီး ၅၀၀ ကျော် ဆန္ဒပြ
ရခိုင်ူပည်နယ် စစ်တ္ဘြေမြိႚက အမဵြိးသမီး ၅၀၀ ကေဵာ်လောက်ဟာ ဧ္ဘပီလ ၂၁ရက်နေႛ ညပိုင်းမြာ လ္တွပ်စစ်မီးရရြိရေး အတက်ြဆ္ဘိုပီး ရပ်ကက်ြတငြ်းလညြ့်လည် ဆိံ္ဋူပတဲ့ လပ်ြရြားမြူပလြုပ်ခဲ့တယ်လိုႛ RFA က စုံစမ်း သိရြိရပၝတယ်။
ခုလိုအိမ်ရင်ြမတေရြဲ့ ဆိံ္ဋူပမြူဖစ်ပြားခဲ့တာနဲႛ ပတ်သက်္ဘပီး ဒေသခံတဦးက အခုလိုေူပာူပပၝတယ်။
“ဒီလ ၂၁ရက်နေႛ ညရစ်ြနာခြဲမြာ စစ်တ္ဘြေမြိႚ ကန်တန်းရပ်ကက်ြက အမဵိႂးသမီး ငၝးရာေဴခာက္ရာေလာက္က ညအခဵိန္မႀာ သူတိုႛ မီးမရတာ လေးလလောက် ရြ္ဘိပီူဖစ်တဲ့အတကြ်ေုကာင့် လ္တွပ်စစ်မီးရရြိ ရေးအတကြ် ကုန်တန်းရပ်ကက်ြတငြ်းမြာ ရြိတဲ့ လမ်းတေပြေၞမြာ လ္တွောက်္ဘပီးတော့ လညြ့်လည်္ဘပီးတော့ အော်ဟစ်ဆိံ္ဋူပတယ်။ တူခားနေရာတေတြော့ မသြားဘူးခင်ဗဵ။ ဆယ်နာရီဝန်းကဵင်လောက်မြာ သူတိုႛ္ဘငိမ်း္ဘငိမ်းခဵမ်းခဵမ်းနဲႛူပန်သြားတယ်ခင်ဗဵ။”
စစ်တ္ဘြေမြိႚအပၝအဝင်ူမန်မိာိုံင်ငံမြာ တိုံင်ငံလုံး အတိုင်းအတာနဲႛ အမတြ် ၂ လ္တွပ်စစ် စမြ်းအားဝန်ဋ္ဌကီးဌာန အမိန်ႛနဲႛ အခိုံစြ် မတ်လကုန်ပိုင်းကစလိုႛ လ္တွပ်စစ်မီတာ စောင့်ရြောက်ခတြေ တိုးမၟင့်ကောက်ခံခဲ့ပေမဲ့ အခုခဵိန်ထိ စစ်တ္ဘြေမြိႚမြာ လ္တွပ်စစ်မီး မရတဲ့အတကြ် ဒေသခံ အိမ်ရင်ြမတြေ မကေဵမနပ်ူဖစ်္ဘပီး အခုလို ဆိံ္ဋူပခဲ့တာူဖစ်ပၝတယ်။
အခုလို အမဵြိးသမီးအိမ်ရင်ြမတြေ ဆိံ္ဋူပအ္ဘပီး နောက်တရက်မြာ ဒေသအာဏာပိုင်တေကြ လုံ္ဘခံရြေးတြေ တင်းတင်းကဵပ်ကဵပ် ခဵထားတဲ့ အေူခအနေကိုလည်း စောစောက ဒေသခံကပဲ ဆက်ေူပာပၝတယ်။
“အဲဒီနေႛညက ဆိံ္ဋူပခဲ့တဲ့ အမဵြိးသမီးတေကြို တစုံတရာ အရေးယူခင်း မရြိခဲ့ဘူး၊ ဒၝေပမဲ့ မေနႛက ႎႀစ္ဆယ့္ႎႀစ္ရက္ေနႛကဵေတာ့ စခန္းမႀႃးအပၝအဝင္ ရဲတပ္ဖၾဲႚဝင္ေတၾအားလံုး အဲဒီရပ္ကၾက္ကို လံု႓ခံႂေရးအဴပည့္ ခဵထားတယ္ခင္ဗဵ။ ဒီတပတ်အတငြ်းမြာ လ္တွပ်စစ်မီးရရြိရေးအတကြ် တစုံတရာ အရေးယူဆောင်႟က်ြမြ မရြိဘူးဆိုရင် သံဃာတော်တေအြပၝအဝင် အားလုံးစုဝေး္ဘပီးတော့ ဒီထက်ဋ္ဌကီးကဵယ်တဲ့ ဆိံ္ဋူပပြဲတေကြိုေူပာင်ေူပာင်တင်းတင်း ဆက္လုပ္သၾားမယ္လိုႛ ေဴပာတယ္ခင္ဗဵ။”
ပြည်သူ့စစ်ပြောင်းရန် မွန်ပြည်သစ် ငြင်းဆို
ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆိုနေသော မွန်ပြည်သစ်ပါတီ New Mon State Party (NMSP) က ပြည်သူ့စစ်အဖြစ် ပြောင်းလဲရေးကိုလည်း လက်မခံကြောင်း ပါတီတာဝန်ရှိသူက ယနေ့ ပြောဆိုလိုက်သည်။
ယခင်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ဖိအားပေးနေရာမှ ယခုလ ၇ ရက်နေ့ ၌ စရဖ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က NMSP ဒုဥက္ကဌနိုင်ရော့စ ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် မော်လမြိုင် မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံခဲ့စဉ် နယ်ခြားစောင့်တပ် မပြောင်းလိုပါက ပြည်သူ့စစ် အသွင်ပြောင်းရန် ပြောဆိုခဲ့သည်ဟု NMSP ပြောခွင့်ရ နိုင်ခြေးမွန်က ဆိုသည်။
ပြည်သူ့စစ် အသွင်ပြောင်းရန်ကိုလည်း ယနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် ရာဇသံပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် NMSP ပါတီဌာနချုပ်ရှိရာ ရေးမြို့နယ် ရေးချောင်းဖျားဒေသတွင် ယခုလ ၂၁ ရက်နေ့က ဗဟိုအလုပ် အမှုဆောင် အရေးပေါ် အစည်းအဝေးမှ ပြည်သူ့စစ်အဖြစ် ပြောင်းလဲရန် လက်မခံနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ယင်းဆုံးဖြတ်ချက်အား NMSP မှ ကျန်းမာရေးဌာန တာဝန်ခံ ဗိုလ်မှူးနိုင်လှက အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းထံ ယမန်နေ့ စာဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံနိုင်ကြောင်း ထုတ်ပြန်သည့် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို လည်း ထိုင်းနယ်စပ် တနေရာတွင် ယနေ့ ပြုလုပ်ခဲ့သည်။
နိုင်ခြေးမွန်က “အမျိုးသား အခွင့်အရေး ပြဿနာကို ပြေလည်အောင် မဖြေရှင်းပေးနိုင်ခင် တပ်ဖွဲ့များ အသွင်ပြောင်းရန် များစွာ အခက်အခဲ ရှိပါသည်။ မွန်ပြည်သစ်ပါတီနှင့် တပ်ဖွဲ့ဝင်များ၊ မွန်မျိုးချစ် ပြည်သူ များအနေဖြင့် ပြည်သူ့စစ်ကို လက်ခံလိုသော ဆန္ဒမရှိပါ” ဟု ယနေ့ သတင်းစာရှင်းပွဲ၌ ပြောသည်။
မွန်ပြည်သစ်ပါတီက ၁၉၉၅ ခု အပစ်ရပ်ဆဲစဉ်က စစ်အစိုးရ အကြီးအကဲများက သဘောထား ပေးထားသည့်အတိုင်း နိုင်ငံရေး ကိစ္စများကို နောင်တက်လာမည့် ဒီမိုကရေစီ အစိုးရသစ်နှင့်သာ ညှိနှိုင်းဆွေးနွေးမည်ဟုလည်း ဆိုသည်။
ထို့ပြင် လက်ရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ အုပ်ချုပ် ကွပ်ကဲမှုအောက်တွင် ထားရှိသင့်ကြောင်းလည်း ပြောသည်။
စစ်အစိုးရလက်အောက်သို့ သွတ်သွင်းမည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်တခုတွင် အင်အား ၃၂၆ ဦး ပါဝင်ပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ အုပ်ချုပ်ရေးအပိုင်းမှ အရာရှိ ၃၀ ကို ထည့်သွင်းမည် ဖြစ်သည်။
ယနေ့တွင် ရေးချောင်းဖျား အရှေ့ဘက်ရှိ တပျို့ချောင်း Beeree Camp (မွန်ဘာသာဖြင့် တိုးဟပယောက်) ရှိ ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ် နိုင်ထောမော် နေထိုင်သော မွန်ပြည်သစ်ပါတီရုံးအနီးတွင် နအဖ စစ်သားများ ရောက်ရှိလာကြောင်း မဇ္ဈိမမှ စုံစမ်း သိရှိရသည်။
လက်နက်ကိုင် စစ်သည်အင်အား ၇၀၀ ခန့်ရှိ NMSP က ထိန်းချုပ်နယ်မြေ မော်လမြိင်ခရိုင်၊ ထားဝယ်ခရိုင်၊ သထုံခရိုင်၊ ရေးချောင်းဖျားရှိ ဗဟိုကွင်၊ ဘုရားသုံးဆူဒေသများ ဖြစ်သည်။
စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲပြုလုပ်သော်လည်း မြန်မာပြည် နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း မဟုတ်ကြောင်းလည်း ထုတ်ဖော် ပြောဆိုထားသည်။
NMSP ပါတီသည် အမျိုးသားညီလာခံကို တက်ရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမျိုးသားညီလာခံ၏ လုပ်ထုံး လုပ်နည်းများအပေါ် သဘောမတူသဖြင့် အမျိုးသားညီလာခံမှ ပြန်ထွက်ကာ လေ့လာသူ အဖြစ်သာ ဆက်လက် တက်ရောက်ခဲ့သည်။
၁၉၅၈ ခုနှစ်အတွင်း တည်ထောင်ခဲ့သည့် NMSP သည် မွန်အမျိုးသားများ အပါအဝင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် လမ်းစဉ်ဖြင့် တိုက်ပွဲဝင်ခဲ့ရာမှ ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ်အခတ်ရပ်စဲခဲ့သည်။
Friday, 23 April 2010
နယ်ခြားစောင့်တပ်ကိစ္စကြောင့် ဒီကေဘီအေအတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်နိုင်
အဆိုပါ ဒီကေဘီအေခေါင်းဆောင်က “အသွင်ပြောင်းရင်တော့ ပြဿနာက တက်ပြီ။ ကျနော်တို့မှာ လက်နက်လူသူအင်အား တပ်ဖွဲ့ဝင်(၅) ထောင် အနည်းဆုံးရှိတယ်။ နယ်ခြားစောင့်တပ်ကို တပ်ရင်း (၃) ရင်းအတွက် အများဆုံး တပ်ဖွဲ့ဝင်အင်အား (၁) ထောင်လောက်ပဲယူမယ်၊ ကျန်တဲ့လူတွေရဲ့လက်နက်တွေကို အစိုးရဆီ အကုန်အပ်ရမယ်ဆိုတော့ ဒီအပေါ်မှာ မကျေနပ်တဲ့ လူတွေက တပ်ရင်းတပ်ဖွဲ့နဲ့ကို ရှိတယ်ဆိုတော့ အနေအထားက အချိန်မရွေး ပေါက်ကွဲဖို့ရှိတယ်” ဟု ပြောသည်။
နအဖက ယခုအနေအထားသို့ ရောက်ရှိလာရန် ဒီကေဘီအေ ခေါင်းဆောင်ပိုင်း အများစုကို စီးပွားရေးမက်လုံးများဖြင့် သိမ်းသွင်းထားပြီး ဖြစ်သည့်အတွက် နအဖ အလိုကျ လက်ခံခြင်းမှလွဲ၍ အခြားနည်းလမ်းများ မရှိတော့ဟုလည်း ၎င်းက ပြောသည်။
“ခေါင်းဆောင်အများစုက ဘားအံ၊ မော်လမြိုင်၊ ရန်ကုန် လိုနေရာတွေမှာ တိုက်နဲ့ကားနဲ့ ပြီးတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆိုတော့ ဘယ်သူမှ ကိုယ်ကျိုးစွန့်ကြတော့မှာ မဟုတ်ဘူး။ အခုပြဿနာက အောက်လက်ငယ်သားတွေ ဒုက္ခရောက်ပြီး ဘ၀ပျက်ရမယ့် အနေအထားဖြစ်သွားပြီဆိုတော့ ဒီပွဲက အတော်ကြမ်းမယ့် သဘောရှိတယ်” ဟုလည်း ဒီကေဘီအေ ခေါင်းဆောင်က ဆက်ပြောသည်။
နယ်ခြားစောင့်တပ်အဖြစ် လက်မခံလိုသူများထဲတွင် အဆင့်မြင့်ခေါင်းဆောင်များနှင့် လူငယ်တပ်မှူးအများစု ပါဝင်ပြီး လက်နက်အပ်၍ အညံ့ခံရမည့်အစီအစဉ်ကို လက်မခံဘဲ တောပြန်ခိုမည့် တပ်ဖွဲ့ဝင်များလည်း ရှိသည်။
တပ်ဖွဲ့ဝင်တဦးက “တောထဲကနေ မြို့ပေါ်ပြန်ရောက်တာ (၁၅) နှစ်ရှိပြီ။ အမျိုးသားရေးအတွက် ဘာမှမလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ပါလာတဲ့လက်နက်တောင် သူတို့ကိုပေးပြီး ကိုယ်က ကျွန်ဖြစ်ရမယ့်ဘ၀တော့ လက်မခံနိုင်ဘူး။ လာရာလမ်း ပြန်သင့်ရင် ပြန်ရမှာပဲ။ ဒီကေဘီအေမှာ လူတိုင်း အချောင်သမားမဟုတ်ဘူး” ဟု ပြောသည်။
လက်ရှိ အခြေအနေနှင့်ပတ်သက်၍ ဒီကေဘီအေဌာနချုပ်သို့ တယ်လီဖုန်းဖြင့် ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍မရရှိခဲ့ပေ။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်းနယ်စပ်အနီးတွင် ရှေ့တန်းရောက်ရှိနေသည် ဒီကေဘီအေ (၉၉၉) တပ်မဟာမှ အရာရှိတဦးက “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဆီကို ဘာညွှန်ကြားချက်မှ မလာသေးဘူး” ဟု ပြောသည်။
နအဖနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နအဖအစီအမံဖြင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို (ဒီကေဘီအေ) အဖွဲ့သည် ပထမဦးဆုံး လက်ခံခဲ့သည့်အဖွဲ့ဖြစ်သည်။
ကျန်အဖွဲ့များမှာ ယခုလ (၂၈) ရက် နောက်ဆုံးထား၍ အသွင်ပြောင်းပေးရမည်ဟု နအဖက အမိန့်ပေးထားပြီး လိုက်နာခြင်း မရှိသည့်အဖွဲ့များသည် မတရားအသင်းအဖြစ် ကြေညာခံရပြီး စစ်ရေးအရ အရေးယူခံရနိုင်သည်ဟု ယူဆနေကြသည်။
နအဖပြောင်းလဲဖွဲ့စည်းပေးမည့် နယ်ခြားစောင့်တပ်တွင် တပ်ရင်းတရင်း၌ တပ်ဖွဲ့ဝင်အင်အား (၃၂၆) ဦးဖြစ်ပြီး ၎င်းတပ်ဖွဲ့ဝင်များထဲမှ (၃၀) ဦးမှာ နအဖစစ်တပ်မှ အရာရှိအရာခံအကြပ်များ ပါဝင်မည်ဖြစ်သည်။
ယနေ့အထိ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ကိစ္စကို လက်မခံသည့်အပစ်ရပ်အဖွဲ့များမှာ မွန်၊ ၀၊ ကချင်၊ ကယန်း၊ ရှမ်းနှင့် မိုင်းလားအထူးဒေသ (၄) စသည့်အဖွဲ့များဖြစ်ပြီး အဆိုပါအဖွဲ့များကို နအဖက စစ်ရေးအရ တိုက်ခိုက်ခဲ့ပါက မြန်မာနိုင်ငံတွင် ကြီးမားသည့် ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဟု တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) အဖွဲ့၏ အထွေထွေအတွင်းရေးမှူး မိုင်းဘုန်းကျော်က ခေတ်ပြိုင်သို့ ပြောကြားသည်။
Thursday, 22 April 2010
တရုတ်နယ်စပ် အပစ်ရပ်အဖွဲ့များ စစ်ရေးပူးပေါင်းမှု ဆွေးနွေး
ရန်ပိုင် Thursday, April 22, 2010 [ဧရာဝတီ]
အဆိုပါ ဆွေးနွေးပွဲသို့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA )၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား အဖွဲ့၊ ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) ၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA-N) တပ်ဖွဲ့တို့ တက်ရောက်၍ စစ်ရေး ဆိုင်ရာများ ဆွေးနွေးကြောင်း UWSA အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“ကိုးကန့် ကိစ္စကို သင်ခန်းစာ ယူပြီးတော့ အဲ့သည်လိုမျိုး မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ် စီမံမှုတွေ လုပ်ထားတယ်၊ တပ်ပေါင်းစု ပုံစံမျိုး ခုခံဖို့ပဲ”ဟု ၎င်းက ဆိုသည်။
ထို့အပြင် UWSA အဖွဲ့၏ လက်ရှိ ရပ်တည်ချက်မှာ ယခင်က တောင်းဆို ထားသကဲ့သို့ပင် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဆက်လက် စောင့်ထိန်းသွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြော သည်။
UWSA အဖွဲ့မှ တောင်းဆိုခဲ့သည့် အချက်များမှာ မိုင်းပေါက် နှင့် မိုင်းဖြန် ဒေသကို ပေါင်း၍ မိုင်းပေါက်မြို့နယ် အဖြစ်သတ်မှတ် ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ တိုင်း ဒေသကြီးအတွင်း ထည့်သွင်းပေးရန်၊ ထိုင်းမြန်မာနယ်စပ်ရှိ ၀မ်ဟုန် စစ်ဒေသကို စစ်တိုင်း ကြီး အဖြစ်သတ်မှတ် ပေးရန်၊ အဆိုပါ စစ်တိုင်းကြီးများ၏ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို UWSA တပ်ဖွဲ့မှ တာဝန်ယူ၍ ဒုတိယ စစ်ဦးစီးမှူးများကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ တပ်ဖွဲ့များကို ၀ တပ်သားများဖြင့်သာ ဖွဲ့စည်းရန်တို့ဖြစ်သည်။
သျှမ်းသံတော်ဆင့်သတင်းစဉ်မှ ဦးစိန်ကြည် က“စစ်အစိုးရက လက်နက်ကြီးများနဲ့ စားနပ်ရိက္ခာ ယာဉ်တန်းတွေ ရှမ်းပြည်မြောက် ပိုင်း ကွမ်းလုံ၊ တန့်ယန်း နဲ့ ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံဒေသတွေကို ပို့နေတယ်”ဟုဆိုသည်။
UWSA အဖွဲ့ကလည်း စစ်အစိုးရတပ်များနှင့် ထိတွေ့နေသည့် ဒေသများတွင် လက်နက် ခဲယမ်းများ၊ စားနပ်ရိက္ခာများကို ဖြည့်တင်း မှုများ ပြုလုပ်ထားကြောင်း ဦးစိန်ကြည်က ဆက်လက်ပြောဆိုသည်။
စစ်အစိုးရတပ်များ နှင့် ရင်ဆိုင်ထားသည့် ဒေသများမှာ တန့်ယန်းဒေသနှင့် ကပ်လျှက်ရှိသည့် မန်ဆန်ဒေသ၊ ကွမ်းလုံ၊ ဟိုပန်ဒေသ၊ ကျိုင်းတုံမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုင်းပေါက် မိုင်းဖျန်ဒေသ နှင့် သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မော်ဖဒေသတို့ဖြစ်သည်။
ပြီးခဲ့သည့် အင်္ဂါနေ့က စစ်အစိုးရတပ်များ စစ်ကား အစီး ၅၀ကျော်နှင့် ရှမ်းပြည်တောင်ပိုင်းသို့ တက်သွားကြောင်းမိထ္တီလာမြို့ခံတဦး ကလည်းဆိုသည်။
ဝနယ်မြေရှိ ဒေသခံတဦးကမူ“ဒီမှာကတော့ အားလုံး ပုံမှန်အတိုင်းပဲ၊ လှုပ်လှုပ်ရှားရှားမရှိပါဘူး၊ စီးပွားရှာတဲ့သူကရှာပါပဲ၊ ဒါပေမယ့် တကယ်ဖြစ်လာလို့ တပ် ကဦးဆောင်ပြီးတိုက်မယ်ဆိုရင်တော့ တိုက်ရမှာပေါ့”ဟု ဧရာဝတီသို့ပြောသည်။
မကြာသေးမီက ၀နယ်မြေမှ ပြည်မသို့ ပြန်သွားသည့် အစိုးရ၀န်ထမ်းများကိုမူ UWSA အဖွဲ့က ပြန်လာခွင့် မပေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ စစ်အစိုးရနှင့် UWSA အဖွဲ့ကြားတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရန် နည်းပါးကြောင်း၊ စစ်အစိုးရအနေဖြင့် ကိုးကန့်အရေး ကဲ့ သို့ အင်အားနည်းသည့် နေရာတွင်သာ ထိုးဖောက်ဝင်ရောက်လိမ့်မည်ဟု ၀တပ်ဖွဲ့ မှ အရာရှိတချို့က သုံးသပ်ကြောင်း ဦးစိန်ကြည် က ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးကြောင်း၊ စစ်အစိုးရ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အတူ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်းပါဝင်ကြောင်း လိုင်ဇာ အခြေစိုက် ကချင်လွတ်လပ်ရေးအဖွဲ့မှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။
စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ယနေ့ နောက်ဆုံး သတ်မှတ်ထားပြီး လာမည့် ဧပြီလ ၂၈ ရက်နေ့ ကျော်လွန်လျှင် မတရားအသင်း အဖြစ်ကြေညာမည်ဖြစ်သည်။
နယ်ခြားစောင့် လက်မခံဟု နောက်ဆုံးရက်မှာ KIO တုံ့ပြန်
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရရာဇသံ၏ နောက်ဆုံးရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ထပ်လောင်း တုံ့ပြန်လိုက်သည်။
မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် စစ်ဘက် ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)မှ ဗိုလ်မှူးကြီး သက်ပုံတို့ ဦးဆောင်သော ၄ ဦးပါအဖွဲ့နှင့် KIO ဥက္ကဌ ဦးလရောက် ဇောင်းဟရား၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဂွမ်းမော်တို့ပါဝင်သော ၈ ဦးပါအဖွဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ယနေ့နံနက်က ၁ နာရီခွဲကြာ တွေ့ဆုံဆွေးနွေးကြစဉ် KIO ၏ လက်နက်ကိုင်တပ်များကို နယ်ခြားစောင့်အဖြစ် အသွင်မပြောင်းဟု ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။
“ နယ်ခြားစောင့်တပ်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ အဲဒါပဲ ပြောပြခဲ့တယ်။ ကျနော် တို့ အောက်ခြေလည်း လက်မခံဘူး။ ကချင်လူထုလည်း လက်မခံဘူး။ ” ဟု ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူ KIO ကိုယ်စားလှယ်တဦးက မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စုတပ်မတော်တွင် ကချင်တပ်ရင်းများအဖြစ်သာ ပါဝင်လိုကြောင်း KIO က ဆက်လက် ဆွဲကိုင်ထားသည်။
ဗိုလ်ချုပ် စိုးဝင်းက KIO ၏ အဖြေကို နေပြည်တော်သို့ ဆက်လက်တင်ပြမည်ဟုသာ တုံ့ပြန်သွားကြောင်း သိရသည်။
ပြဿနာကို ငြိမ်းချမ်းစွာအဖြေရှာလိုကြောင်း KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။
“ အစိုးရအနေနဲ့ တိုက်ခိုက်လာမယ်၊ မလာဘူးဆိုတာက သူတို့ဘက်က အပိုင်းပါ။ ကျနော်တို့ဘက်က မပြောနိုင်ပါဘူး။ ကျနော်တို့ဘက်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ လုပ်ဆောင်ချင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
လက်နက်ကိုင် အင်အား ၈ ထောင်ခန့်ရှိသော KIO က နအဖအနေဖြင့် စစ်တိုက်ပြီး ချေမှုန်းခြင်းမပြုရန် သတိပေးထားသည်။
တိုင်းရင်းသား ငြိမ်းအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခင်နှစ် ဧပြီလ ၂၈ ရက်မှ စတင်ကာ နောက်ဆုံးရက်များ သတ်မှတ်ကာ ရာဇသံပေးခဲ့သည်မှာ ၃ ခါပြည့်သွားပြီဖြစ်သည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် UWSA ကိုလည်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ယနေ့ နောက်ဆုံးထား ဆုံးဖြတ်ရန် နအဖက ညွှန်ကြားထားသော်လည်း UWSA ကလည်း ငြင်းဆန်ထားသည်။
“ ဒီနေ့ နောက်ဆုံးဖြတ်ပေမဲ့ အဖြေမပေးဘူး။ သူတို့ပြောတာနဲ့ ကျနော်တို့လိုချင်တာ မတူဘူး။ ကျနော်တို့ တောင်းဆိုတဲ့ ၉ချက် ကနေ ၈ချက်ကိုလည်း ပယ်လိုက်တယ်လေ။ ကျနော်တို့ နယ်မြေဒေသ အခွင့်အရေးကို တောင်းတာကို ပယ်လိုက်တယ်ဆိုတော့ ပြောစရာမရှိတော့ဘူး။”ဟု UWSA အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ဝ တပ်ဖွဲ့နှင့် တန်ယန်းမြို့တွင် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဝ တပ်ဖွဲဌာနချုပ်သို့ အကြောင်းကြားလာခြင်း မရှိသေးဟု သူက ပြောသည်။
မွန်ပြည်သစ်ပါတီ NMSP ခေါင်းဆောင်များနှင့်လည်း စစ်အစိုးရကိုယ်စားလှယ်များ ယနေ့ တွေ့ဆုံမည်ဟု သိရသော်လည်း သတင်းပေးပို့ချိန်အထိ မွန်ပြည်သစ်ကို ဆက်သွယ်၍ မရဘဲ ရှိသည်။
(ကိုဝိုင်းတည်းဖြတ်သည်။)
Tuesday, 20 April 2010
ဝတပ်ဖွဲ့ စစ်ရေးပြင်ဆင်နေ
စစ်ရေးပြ လေ့ကျင့်နေသော UWSA တပ်ဖွဲ့ဝင်များ] |
လာမည့် ဧပြီလ ၂၂ ရက်နေ့တွင် UWSA က နယ်ခြားစောင့် တပ်အသွင် ပြောင်းခြင်းနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို စစ်အစိုးရအား ပေးရမည် ဖြစ်သည်။
စစ်အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အတွက် ၀ ခေါင်းဆောင်များနှင့် ထပ်မံ ဆွေးနွေးရန် ကမ်းလှမ်းမှုများ မရှိသကဲ့သို့ စစ်အစိုးရ၏ အစီအစဉ်ကို လက်မခံ နိုင်သည့် UWSA ခေါင်းဆောင်များ၏ သဘောထား သည်လည်း ပြောင်းလဲမှု မရှိကြောင်း UWSA နှင့် နီးစပ်သော သတင်းများ အရ သိရသည်။
UWSA ကလည်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက ငြင်းပယ်နေခြင်းဖြစ်ပြီး နိုင်ငံရေး အရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ပြောဆိုခဲ့ပြီး အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ရန် အတွက် ပြင်ဆင်ထားကာ တပ်များကိုလည်း အသင့်အနေအထားရှိရန် သတိပေးထားခဲ့သည်။
ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက နိုဝင်ဘာနှင့် ဧပြီလအတွင်းတွင် ဥက္ကဋ္ဌ ပေါက်ယူချန်းက နအဖထံသို့ စာ ၂ စောင် ရေးသား ပေးပို့ခဲ့သော်လည်း ပယ်ချခဲ့သဖြင့် ယခုအခြေအနေတွင် အလျှော့ပေးရန် မဖြစ်နိုင်ကြောင်း ဆိုသည်။
“အခုလောလောဆယ်ကတော့ နအဖက တိုက်မယ်တကဲကဲပုံစံလုပ်ပြီးတော့မှ အလျှော့ပေးစေချင်တဲ့ ပုံစံဖြစ်တယ်၊ နအဖ ကလည်းသိတယ်၊ ၀ ဘက်က ထွက်မတိုက်ချင်ဘူး မတိုက်ချင်တဲ့သူပိုများတယ်ဆိုတာ၊ အခြေအနေကတော့ နအဖဘက်မှာပဲ မှုတည်မှာပါ” ဟု ဦးခွန်စိုင်းကဆိုသည်။
ဖိအားကို လိုတာထက်ပိုပြီး ပေးသွားပါက စစ်ပွဲ ဖြစ်လာနိုင်ကြောင်း၊ စစ်ပွဲဖြစ်လာပါက ဒေသကန့်သတ်ထားသည့် အခြေအနေ လောက်သာ မဟုတ်ဘဲ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ပါဖြစ်လာနိုင်သည့်အတွက် ရွေးကောက်ပွဲကို ထိခိုက် လာနိုင် သည်ဟု စစ်အစိုးရက တွက်ထားပုံရကြောင်းလည်း ၎င်းက ဆိုသည်။
UWSA အနေဖြင့် နယ်ခြားစောင့်တပ်အဖြစ်လက်မခံပါက ၅ ရက်ကြာ စစ်ဆင်ရေး တရပ်ကို ပြုလုပ်သွားမည်ဟု မှုဆယ်ရှိ စစ်အစိုးရ ထောက်လှမ်းရေးများက ၀ါဒဖြန့်ချိနေကြောင်း တရုတ်-မြန်မာ နယ်စပ်အရေးကို လေ့လာ စောင့်ကြည့်နေသူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။
“ဒါကတကယ်တမ်းကျတော့ ၀ တပ်ဖွဲတွေကို ခြိမ်းခြောက်တာပါ၊ တရုတ်နဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်လို့ စစ်ပွဲဖြစ်လာဖို့ကတော့ မလွယ်ပါဘူး” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။
စစ်အစိုးရသည် ယခုနှစ်တွင် ကျင်းပ ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးအတွက် လိုလားနေကြောင်း သိရသည်။ ဤအတောအတွင်း တပ်မတော် ခေါင်းဆောင်များက အပစ်ရပ် အဖွဲ့များနှင့် ဆက်တိုက် တွေ့ဆုံနေကြသည်။
“ရွေးကောက်ပွဲ အပြီးတွင် အစစအရာရာ သူ့လက်ထဲမှာရှိဖို့ စီစဉ်ထားသော်လည်းပဲ ဒီအနာဂတ်ဆိုတာ မှန်းဆလို့ မရတော့ မထင် မှတ်တာပေါ်လာနိုင်တယ်လို့ သူတို့မှတ်ပုံရတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မပြီးခင် ကြိုတင်ပြီး အာဏာရှိနေတုန်း လုပ်ထားချင် ပုံရတယ်” ဟု ဦးခွန်စိုင်းက ဆက်ပြောသည်။
ယင်းအပြင် အတည်မပြုနိုင်သေးသော သတင်းများအရ စစ်အစိုးရက လက်နက်ကြီးများနှင့် သံချပ်ကာကားများကို ရှမ်းပြည်အရှေ့ပိုင်းသို့ ပို့ဆောင် နေကြောင်းလည်း သိရသည်။
UWSA သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင် အင်အားစု အဖြစ်မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး၊ ယခုနှစ် ဧပြီလ ၁၇ တွင် တည်ထောင်သည့် နှစ် ၂၁ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ ယခင်က ပန်ဆိုင်းတွင် နှစ်ပတ်လည်အခမ်းအနားကို အကြီးအကျယ် ကျင်းပသော်လည်း ယခုနှစ်တွင်မှု ကျင်းပခြင်း မရှိကြောင်းလည်း သိရသည်။
ယခုအခါ စစ်သည်အင်အား နှစ်သောင်း မှ နှစ်သောင်းခွဲကြားတွင် ရှိသည်ဟု သိရသည်။ UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ စစ်အစိုးရ၏ အခြေခံ ဥပဒေ တွင်လည်း ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။
အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်းခမ်း) စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားသည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှ ထို မြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။
ယခု အချိန်အထိ အပစ်ရပ် အဖွဲ့ ၃ ဖွဲ့က နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းပြီး ဖြစ်သည်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။
နယ်ခြားစောင့်တပ် လက်မခံရသည့်အကြောင်း ကေအိုင်အို လူထုအား အသိပေးပြောကြား
ကေအိုင်အိုနှင့်နအဖအကြား နှစ်ဘက်တွေ့ဆုံဆွေးနွေးချက်များ၊ ကေအိုင်အိုဘက်က တင်ပြထားချက်များ၊ နအဖဘက်က ကမ်းလှမ်းထားချက်များနှင့် အပစ်ခတ်ရပ်စဲရေး စာချုပ်တို့ကို နံရံကပ်စာစောင်ဖြင့် ပြသထားသကဲ့သို့ ကေအိုင်အို အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက ကချင်ဘာသာဖြင့်ပြောကြားပြီး တွဲဖက်အတွင်းရေးမှူးက မြန်မာဘာသာပြန်၍လည်းကောင်း၊ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မြန်မာ၊ ကချင် နှစ်ဘာသာဖြင့် လည်းကောင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းသွားခဲ့သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ ကေအိုင်အို အုပ်ချုပ်ရေး အရာရှိတဦးက ပြောသည်။
၎င်းက “အရပ်သားတွေ၊ ကေအိုင်အိုဌာနဆိုင်ရာအရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေ (၁,ဝဝဝ) ကျော်လောက် တက်တယ်။ မေးမြန်းချင်တာရှိရင် ပြန်မေးလို့ ဖိတ်ခေါ်တယ်။ ကချင်လိုကော၊ မြန်မာလိုကော အကျယ်တဝင့် ရှင်းသွားတယ်။ ပြီးတော့ နံရံကပ်စာစောင်မှာလည်း သူတို့ရှင်းလင်းပြောပြတာတွေကို ထုတ်ပြထားတယ်။ နယ်ခြားစောင့်တပ်ကို ဘယ်လို ဖွဲ့စည်းမယ်၊ လစာနဲ့ရိက္ခာ ဘယ်လိုထုတ်ပေးမယ် ဆိုတာကအစ ရေးထားတယ်။ အခုလို ရှင်းပြလိုက်တော့ လူထုတွေအနေနဲ့ ကေအိုင်အိုက နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဘာကြောင့် လက်မခံသေးသလဲဆိုတာ သိခွင့်ရပါတယ်” ဟု ပြောသည်။
အပစ်ခတ်ရပ်စဲရေးစာချုပ်တွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ မပါဝင်ပုံ၊ နောင်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေးကိစ္စဆွေးနွေးရန် နအဖဘက်က ၂ဝဝ၈ ခုနှစ်အထိ တစိုက်မတ်မတ်ပြောလာခဲ့ပုံ၊ အမျိုးသားညီလာခံအတွင်း ကေအိုင်အိုအဖွဲ့၏ တင်ပြချက်များ အလေးထား မခံခဲ့ရပုံ အပါအဝင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး နှစ်ဖက်ဆွေးနွေးချက်များကို ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အခမ်းအနားတွင် ပြောကြားခဲ့သည်။
၎င်းက “ကျနော်တို့ နှစ်ဖက်ဆွေးနွေးနေတာ (၁၅) ကြိမ်ရှိပါပြီ။ (၁၅) ကြိမ်စလုံးမှာ တပ်မတော်အစိုးရက ကျနော်တို့ကို ပြောနေတာကတော့ ဘီဂျီအက်ဖ်ကို လက်ခံရေးပဲဖြစ်တယ်။ အဲဒီ (၁၅) ကြိမ်စလုံးမှာ ကေအိုင်အို ပြန်ပြောနေတာက ဘီဂျီအက်ဖ်မဟုတ်ဘဲနဲ့ တခြားသော နည်းလမ်းနဲ့ ကျနော်တို့ရဲ့ ပြဿနာကို ဖြေရှင်းရေးဖြစ်ပါတယ်” ဟု ပြောသည်။
ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖက ယခုလ (၂၈) ရက် နောက်ဆုံးရက် သတ်မှတ်ထားပြီး သူတို့အနေဖြင့် ပြည်ထောင်စုတပ်မတော်အတွင်း တိုင်းရင်းသားတပ်ဖွဲ့အနေဖြင့်သာ အသွင်ပြောင်းလိုကြောင်း ယခုလ (၁၅) ရက်က ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာရေးတင်ပြကမ်းလှမ်းထားသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ယခုရှင်းလင်းပွဲတွင် ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို အဘယ်ကြောင့် လက်မခံခြင်းဖြစ်ကြောင်း လူထုအား အသိပေးပြောကြားကာ နအဖဘက်မှ တဖက်သတ် လုပ်ဆောင်နေမှုများကိုလည်း ရှင်းလင်းပြခဲ့ကြောင်း စစ်ရေးအကဲခတ်တဦးက ပြောသည်။
၎င်းက “လျှို့ဝှက်ထားတဲ့ သူတို့ရဲ့ အပစ်ရပ်စာချုပ်တွေ၊ နအဖဆီကို ရေးတဲ့စာတွေ လူထုကို ပြသလာတာက နအဖက တဖက်သတ် အကျပ်ကိုင် ဆောင်ရွက်နေတာတွေကို သည်းမခံနိုင်တာလည်းပါတယ်။ တဖက်က သူတို့ ရပ်တည်ချက် မှန်တယ်ဆိုတာကို လူထုကို ရှင်းပြချင်တယ်။ တချိန်တည်းမှာ လူထုရဲ့ထောက်ခံမှုကို ရယူချင်တာလည်း ဖြစ်တယ်” ဟု ပြောသည်။
ဗုံးကွဲမှုတွင် တိုင်းစစ်ဒေသမှူး ပြင်းထန်စွာ ဒဏ်ရာရ
နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေပက်မဏ္ဍပ်တွင် ယခုလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုတွင် တိုင်းစစ်ဒေသမှူးတဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုများကြောင့် လူ ၈ ဦး သေဆုံးပြီး လူဦးရေ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်အစိုးရက အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သော်လည်း သေဆုံးသူဦးရေ တိုးလာသည်ဟု ရဲအချို့က ပြောသည်။
ရဲမှူးကြီးတဦးနှင့် ဒုရဲအုပ်အဆင့်ရှိသူတဦးတို့လည်း သေဆုံးသွားပြီး မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌမှာမူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ယခုအခါ ရန်ကုန်ဆေးရုံကြီးတွင် ဒဏ်ရာရရှိသူများအနက် ၄၄ ဦးသည် ဆက်လက်၍ ဆေးဝါးကုသမှု ခံယူနေရကာ၊ ဒဏ်ရာပြင်းထန်သူမှာ ဦးရေ ၂ဝ ခန့် ရှိနေသေးကြောင်း သိရသည်။
ဗုံးကွဲအပြီး ၂ ရက်အကြာတွင် စာရေးဆရာ လင်းယုန်မောင်မောင် (ကွယ်လွန်) ၏ သားဖြစ်သူ ဦးဇေယျနှင့် သူ၏ သားဖြစ်သူ စည်သူဇေယျအား ရဲက မေးမြန်းရန် ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။
“နှစ်ဆန်းတရက်နေ့က ညနေပိုင်းက သူတို့ သားအဖ နှစ်ယောက်ကို လာခေါ်သွားတယ်။ ရပ်ကွက်လူကြီးနဲ့ SB တွေ စုစုပေါင်း ၁ဝ ဦးလောက် ပါတယ်။ မေးစရာရှိလို့ဆိုပြီး ခေါ်သွားတယ်။ ဘာကြောင့် ခေါ်သွားတယ် ဆိုတာကိုတော့ ပြောမသွားဘူး” ဟု အမည်မဖော်လိုသူ မိသားစုဝင် တဦးက ပြောသည်။
အခင်းဖြစ်ပွားသောနေရာကို ဓာတ်ပုံရိုက်သည်ဟု ရဲက သံသယရှိမှုနှင့် ပတ်သက်ဖွယ်ရှိသည်ဟု ရန်ကုန်စာပေအသိုင်းအဝိုင်းက ယူဆနေကြသည်။
မြို့နယ်ရပ်ကွက်ရုံးအချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသူများအား ဖမ်းဆီးရန်အတွက် ကူညီသတင်းပေးသူကို ဆုငွေအဖြစ် ကျပ် ၁၀ သိန်း ပေးမည်ဟု အာဏာပိုင်များက ကြေညာထားသည်။
Thursday, 25 February 2010
လက်နက်ကြီးထိမှန်၍ ကျောင်းသား ၃ ဦး ထိခိုက်သေဆုံး
ယခုလ ၁၉ရက်နေ့တွင် ခေးပူကျေးနယ်တွင် လှုပ်ရှားနေသည့် နအဖ အမှတ်(၇) နည်းဗျူဟာတပ်ဖွဲ့သည် တာယူပလော(ခေါ်) တာသူးခီးရှိ ရွာပုန်းရွာရှောင်(အိုင်ဒီပီ)နေထိုင်ရာသို့ လက်နက်ကြီး ၅ လုံးထက်မနည်း လှမ်းပစ်ခတ်ခဲ့ရာ ကလေးများ စာသင် ကြားနေသည့် စာသင်ကျောင်းကို လက်နက်ကြီးကျည်တလုံး ကျရောက်သည့်အတွက် ဆယ်ကျော်သက်အရွယ် ကျောင်းသား ၃ဦး ထိမှန်ကာ တဦးမှာ သေဆုံးသွားရခြင်းဖြစ်သည်ဟု (Karen Teacher Working Group-KTWG)မှ ကျောင်းဆရာတဦးက ပြောသည်။
“တာသူးခီးနဲ့ မနီးမဝေးမှာ နအဖ အမှတ် (၇) နည်းဗျူဟာတပ်ဖွဲ့ ရှိတယ်။ အဲဒီတပ်ဖွဲ့က ဒီလ ၁၉ရက်မနက် ၉နာရီကျော် လောက်မှာ ရွာသူရွာသားတွေ ရှိနေတဲ့နေရာကို လက်နက်ကြီးနဲ့ ၅လုံး၊ ၆လုံးလောက် လှမ်းပစ်တယ်။ အလုံးများတော့ စာသင် ကျောင်းထဲကို တလုံးကျလာပြီး ကလေး ၃ယောက်ကို ထိသွားတယ်။ အဲဒီအထဲက တယောက်ဟာ ဒဏ်ရာပြင်းထန်တော့ သေဆုံးသွားတယ်”ဟု ၎င်းက ပြောသည်။
ယင်းသို့ နအဖ စစ်တပ်၏ လက်နက်ကြီးထိမှန်သွားသည့် ကျောင်းသားလေးများမှာ စောရိုဘီမူး ၁၆နှစ်၊ စောအယ်ကော်သော ၁၂နှစ်နှင့် စောရီးရီ ၁၀နှစ်တို့ဖြစ်ကြပြီး စောရိုဘီမူးမှာမူ ၀မ်းဗိုက်တွင် ထိမှန်သည့်ဒဏ်ရာ အလွန်ပြင်းထန်သောကြောင့် နီးစပ် ရာဆေးခန်းသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် သေဆုံးသွားခဲ့သည်ဟု FBR က သတင်း ထုတ်ပြန်ခဲ့သည်။
ဘူးသိုမြို့နယ်အတွင်းရှိ ခေးပူကျေးနယ်သည် ဖာပွန်ခရိုင်၏ မြောက်ဖက်စွန်းတွင်ဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်ဝန်းကျင်ကတည်းက နအဖ စစ်တပ်ကို ပုန်းရှောင်ရင်း အိုင်ဒီပီဒေသ ဖြစ်လာခဲ့ရသည်။
Thursday, 18 February 2010
အလုပ်သမားဆန္ဒပြမှု အင်းစိန်သို့ကူးစက်
ရန်ကုန်မြို့ အင်းစိန် ရွာမ ဆန်စက်လမ်း ခေါ် ဖွဲနုလမ်းရှိ လိုင်းယွန်းစီးတီး အထည်ချုပ်စက်ရုံတွင် အလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ပေးရေး အပါအ၀င် တောင်းဆိုချက် (၃) ချက်ကို ဒုတိယနေ့အဖြစ် ယနေ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည်။
ယမန်နေ့ ညနေ (၄) နာရီခန့်တွင် အလုပ်သမားဦးရေ (၁၀၀) ၀န်းကျင်က အလုပ်ရပ်နားကာ စက်ရုံအတွင်း ငြိမ်သက်စွာ ဆန္ဒပြနေကြပြီး ယနေ့ နံနက်ပိုင်း အလုပ်ဆင်းချိန်တွင်လည်း ဆက်လက် ဆန္ဒပြနေကြခြင်းဖြစ်သည်။
“အများပြည်သူ ရုံးပိတ်ရက်မှာ ပိတ်ပေးဖို့ရယ်၊ လက်ရှိ အိုတီကြေး (၁၀၀) ကျပ်ကနေ (၂၀၀) တိုးပေးဖို့ရယ်၊ အခြေခံလစာတိုးပေးဖို့ တောင်းဆိုနေပါတယ်” ဟု အဆိုပါ အလုပ်သမားဆန္ဒပြပွဲသို့ ရောက်ရှိနေသည့် မျက်မြင်တဦးက ပြောကြားသည်။
အလုပ်သမားများ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရာ လိုင်းယွန်းစီးတီး အထည်ချုပ်စက်ရုံကို ရဲလုံထိန်းကား (၁၀) စီး၊ မီးသတ်ကား (၁) စီး၊ အချုပ်ကား (၁) စီးတို့ဖြင့် ၀ိုင်းရံစောင့်ကြပ်နေကြောင်း သိရသည်။
“အခြေအနေက ငြိမ်သက်နေတယ်။ လုံထိန်းကားတွေရှေ့ကနေ ရဲကား အသေးတစီးပါလာတယ်။ အထဲကိုတော့ ၀င်သွားတယ်။ အလုပ်သမား တောင်းဆိုချက်တွေကို ညှိတယ်၊ မညှိဘူး မသိရသေးဘူး” ဟု အဆိုပါမျက်မြင်ဖြစ်သူက ဆက်လက်ပြောကြားသည်။
အထည်ချုပ်အလုပ်သမားအချို့နှင့် ရင်းနှီးသူ ဈေးသည်တဦးကမူ “အထည်ချုပ်အလုပ်သမားတွေက မနက် (၈) နာရီကနေ ည (၉) နာရီလောက်အထိ အလုပ်လုပ်ကြရတာ။ လစာက (၂) သောင်းခွဲကနေ (၄) သောင်းကျပ်လောက် အတွင်းပဲရတာ။ အခု အစိုးရ၀န်ထမ်းတွေတိုးပြီး သူတို့တွေ မတိုးလို့ ဆန္ဒပြကြတာ။ ဒီနေ့တော့ ညှိမယ်လို့ကြားတာပဲ” ဟု ပြောသည်။
စက်ရုံအနီးနေထိုင်သူတဦးကလည်း “တချို့ အလုပ်သမားတွေကတော့ မနေ့ညကပြန်သွားကြပြီ။ အယောက် (၂၀) လောက်ပဲ ပြန်သွားတာ။ တော်တော်များများတော့ ဆက်ပြီး ဆန္ဒပြနေကြတယ်။ မိန်းကလေးတွေများတယ်။ စက်ရုံထဲမှာပဲ ဆန္ဒပြနေကြတာ။ အလုပ်သမား (၁၀၀) ကျော်လိမ့်မယ်။ အပြင်မှာတော့ လုံထိန်းကားတွေ စောင့်နေတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှစတင်ကာ မြန်မာနိုင်ငံတွင်းရှိ စက်ရုံအလုပ်သမားများက လစာနှင့် အလုပ်သမားအခွင့်အရေး တိုးမြှင့်ပေးရေးအတွက် ဆက်တိုက် ဆန္ဒပြတောင်းဆိုလာကြခြင်းဖြစ်သည်။
Saturday, 13 February 2010
ရွာ(၃)ရွာကို စခန်းဆောက်ရန် ဒီကေဘီအေ အဓမ္မခိုင်းစေ
ဒီကေဘီအေ၏ တပ်မဟာ (၉၉၉)လက်အောက်ခံ တပ်ရင်း(၇)က ၎င်းတို့အခြေစိုက်တပ်စခန်းသစ် အပြီးသတ်တည်ဆောက် ရန်အတွက် ကရင်ပြည်နယ်၊ ပိုင်ကျုံ(တာကရယ်)မြို့နယ်အတွင်းရှိ ၀ါ့မီကလားကျေးရွာအုပ်စု ရွာ(၃)ရွာကို ဒုတိယအကြိမ် အဓမ္မလုပ်အားပေး ခိုင်းနေသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
အဓမ္မလုပ်အားပေးခိုင်းခံရသည့် ရွာ(၃)ရွာမှာ ကလေ့ဖိုးကလိုး၊ ကလေ့မိုခီးနှင့် ထီးတိုကော်(လို့လာ့လေး)ရွာများဖြစ်ပြီး မသွား မနေရ စနစ်ဖြင့် ခိုင်းစေခြင်းဖြစ်ကြောင်း ၀ါ့မီကလားကျေးရွာအုပ်စုမှ ဒေသခံရွာသားတဦးက ကေအိုင်စီကို ယနေ့မနက်တွင် ပြောဆိုသည်။
“ပြီးခဲ့တဲ့ ၂ရက်က သွားလုပ်ရတာ။ မသွားမနေရပဲ။ ကျနော်တို့ ရွာသားတွေ တရက်ကို တရွာစီ အလှည့်ကျစနစ်နဲ့ သွားရ တယ်။ တရွာကို ၄ယောက်ကနေ ၈ယောက်အထိ သွားရတယ်။ လမ်းခရီးက ၂း၀၀နာရီ သွားရတယ်။ အလုပ်လုပ်ပေးရတာ အရမ်းပင်ပန်းတယ်။ ထမင်းတော့ ကျွေးတယ်။ ဒါပေမယ့် ဘယ်သူမှ မသွားချင်ကြဘူး။ သူတို့(ဒီကေဘီအေ)ကို ကြောက်လို့ပဲ သွားရတာ”ဟု သူက ဆိုသည်။
ထိုင်းနိုင်ငံ၊ နိုဘိုးကျေးရွာ သောင်ရင်းမြစ်တဖက်ကမ်းတွင်ရှိသော ဒီကေဘီအေ၏ ၀ါ့ခေါကျိုးတပ်စခန်းကို ယခု ဖေဖော်ဝါရီလ ၁၀ရက်နေ့မှစ၍ အဆိုပါကျေးရွာများက သွားရောက်ဆောက်လုပ်ပေးခဲ့ရာ ခြံစည်းရိုးကာ၊ ၀ါးခုတ်နှင့် ၀ါးသဲပုတ်ပေါက် စသည့် အလုပ်များကို တနေကုန် လုပ်ခဲ့ရခြင်းဖြစ်သည်ဟု သူက ဆက်လက်ပြောဆိုသည်။
ဒီကေဘီအေ၏ လုပ်ရပ်မှာ ထိုဒေသရှိ ရွာသူရွာသားများအတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာနိုင်ကြောင်း ပိုင်ကျုံ(တာက ရယ်)မြို့နယ်အတွင်း လှုပ်ရှားနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)မှ တပ်ရင်း (၂၂) ဒုရင်းမှူး စောဒီးကွယ်က ယခုလို ပြောသည်။
၎င်းက “အခုက နေ့တိုင်းလိုလို ရွာသားတွေ သွားရတယ်။ ရွာသားတွေကို စိတ်တိုင်းကျ ခိုင်းတယ်။ ဒီလိုလုပ်တော့ ရွာသား တွေဟာ သူတို့အလုပ်ကို သူတို့ မလုပ်အားကြတော့ဘူး။ ဒီလိုဆက်လုပ်မယ်ဆိုရင် ရွာသားတွေ စားဝတ်နေရေးပြဿနာနဲ့ ပိုရင် ဆိုင်လာရနိုင်တယ်”ဟု ဆိုသည်။
သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒီကေဘီအေ (၉၉၉)လက်အောက်ခံ တပ်ရင်း(၇) ဒုဗိုလ်မှူးကြီး စောလိုက်သိမ့်အား ဖုန်းဆက်မေးမြန်းခဲ့ရာ ၎င်းက မဟုတ်မှန်ကြောင်းနှင့် မိမိတို့တပ်စခန်းကို မည်သည့်ရွာသူရွာသားမျှ လာရောက်ဆောက်လုပ် ပေးခြင်းမရှိကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။
ဒီကေဘီအေ၏ အမိန့်အရ ယခုလ ၁၀ရက်နေ့တွင် ထီးတိုကော်ခီးရွာမှ ရွာသား ၆ဦး၊ ယမန်နေ့ ၁၁ရက်နေ့တွင် ကလေ့ဖိုးက လိုးရွာမှ ရွာသား ၄ဦးတို့က စခန်းအပြီးသတ်တည်ဆောက်ရေးအတွက် သွားရောက်လုပ်ကိုင်ပေးခဲ့ရသည်ဟု သိရသည်။
အလားတူ ကလေ့ဖိုးကလိုး၊ ကလေ့မိုခီးနှင့် ထီးတိုကော်ရွာသားများသည် ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းက ၎င်းစခန်းအ တွင်းရှိ ခြံစည်းရိုးကာရံခြင်း၊ တဲဆောက်လုပ်ပေးခြင်းနှင့် ဆေးရုံဆောက်လုပ်ပေးခြင်းကို ၀ါးအလုံး ၁,၀၀၀၊ ၀ါးသဲပုတ် ၄၀၀ ချပ် ယူဆောင်ကာ ပထမအကြိမ်အဖြစ် သွားရောက်ဆောက်လုပ်ခဲ့ရသေးသည်။
Friday, 12 February 2010
ရွာသား ၅၀၀ကျော် တောထဲပြေးပုန်းနေရ
ကရင်ပြည်နယ် မြောက်ပိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် ယခုလဆန်းပိုင်းအတွင်း လှုပ်ရှားနေ သော နအဖစစ်တပ်များသည် ကေအဲန်ယူထိန်းချုပ်ရာ နယ်မြေရှိ ကျေးရွာအတွင်း ၀င်ရောက်သောင်းကျန်းမှု ကြောင့် ဒေသခံရွာသား ၅၀၀ကျော်မှာ တောတောင်ထဲသို့ ထွက်ပြေးပုန်းအောင်းနေရသည်ဟု သိရသည်။
ထိုဒေသ၌ လှုပ်ရှားနေသော နအဖစစ်တပ် စစ်ကွပ်ကဲရေး ဌာနချုပ် (စကခ-၁၀) လက်အောက်ခံ နည်းဗျူဟာ (၃) မှ ခမရ(၃၆၂)၊ (၃၆၇)တို့ ပူးပေါင်းတပ်ရင်းသည် ယခုလ (၇)ရက်နှင့် (၉)ရက်နေ့တွင် ကျောက်ကြီးမြို့နယ် ကွီး လားကျေးရွာအုပ်စုအတွင်း ၀င်ရောက်လှုပ်ရှားခဲ့ရာတွင် ရွာ ၃ရွာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြန်မာပြည်လွတ်မြောက် ရေးအဖွဲ့(FBR)မှ စောဘောဘိုးက ပြောသည်။
၎င်းက “မီးရှို့ခံရတဲ့ ရွာတွေကတော့ ဟီတိုထာ့၊ ဒီးဒီးမုဒဲနဲ့ ကဟီဒေးရွာတွေဖြစ်တယ်။ အဲဒီရွာမှာရှိတဲ့ ဆေးပေးခန်း တခုရယ်၊ မူလတန်းကျောင်းတလုံးရယ် နအဖက အကုန်လုံး မီးရှို့ပစ်လိုက်ပြီ။ လောလောဆယ် ရွာသား ၅၀၀ ကျော် တောထဲကို ထွက်ပြေးပုန်းအောင်းနေကြရတယ်။ နအဖစစ်တပ်တွေ ရွာထဲမှာ လှုပ်ရှားနေတုန်းပဲ ဖြစ်နေ တော့ ရွာသားတွေက လုံးဝ အတွေ့မခံဘူး။ နအဖကလည်း တွေ့တာနဲ့ ဘာမှမမေးဘဲ တန်းပြီး သတ်ပစ်တာကိုး” ဟု ပြောသည်။
အိမ်ခြေ ၅၀နီးပါးရှိ အဆိုပါ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများသည် ရေတိုအချိန်တွင် ၎င်းတို့ သိုလှောင်ထား သည့် အစားအစာများဖြင့် ဖူလှုံနိုင်သော်လည်း ရေရှည်တွင် စားနပ်ရိက္ခာအခက်အခဲများနှင့် ကြုံရနိုင်သည်ဟု စော ဘောဘိုးက ဆက်ပြောသည်။
ဌာနေမဲ့ ပြည်တွင်း ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီမှ စောစတိဗ်က “အဲဒီထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာ သားတွေကို စီအိုင်ဒီကေပီအနေနဲ့က လက်ရှိ ကျောက်ကြီးမြို့နယ်မှာ ကျနော်တို့လူတွေ ရှိတယ်လေ။ ရွာသားတွေ လိုအပ်တဲ့ အိုးခွက်ပန်းကန်တို့၊ အ၀တ်အစား၊ စောင်၊ ခြင်ထောင်တို့ဆိုရင် အခု လိုက်ပေးနေပြီ”ဟု ပြောသည်။
ကေအဲန်ယူ တပ်မဟာ (၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကွီးလားကျေးရွာအုပ်စုသည် ရွာ ပေါင်း ၁၀ရွာကျော်ရှိပြီး အဆိုပါ ရွာများသည် နအဖစစ်တပ်ကို အတွေ့မခံသော ရွာပုန်းရွာရှောင်များဖြစ်ကြသည် ဟု သိရသည်။
လွန်ခဲ့သည့် ဇန်န၀ါရီလ ၁၇ရက်နေ့က ၎င်းနအဖ ခမရ(၃၆၇)တပ်ရင်းသည် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့ နယ် ခဲဒဲကျေးရွာအုပ်စုအတွင်း စစ်ရေးလှည့်လည်လှုပ်ရှားနေစဉ် ရွာသားနှစ်ဦး ပစ်သတ်ခဲ့ပြီး ရွာကိုပါ မီးရှို့ဖျက် ဆီးခဲ့သည်။
Thursday, 4 February 2010
မြန်မာ(၉)ဦး သေဆုံးမှုတွင် ပါဝင်ပတ်သက်သူများအား ထိုင်းရဲက ဖမ်းဝရမ်းထုတ်
ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာ(၉)ဦး ပစ်သတ်ခံရသည့် အမှုတွင် ပါဝင်ပတ်သက်သူ ထိုင်းရဲအရာခံဗိုလ်တဦး၊ ထိုင်းနိုင် ငံသား(၄)ဦးနှင့် မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦးတို့အား ဖမ်းဝရမ်းထုတ်လိုက်ပြီဟု ထိုင်းအမှတ်(၆) ရဲတိုင်းမှူး ဆူရစီ ဆွန်ထောင်းဆာရထွန်က ယနေ့ ပြောကြားလိုက်သည်။
လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ပြစ်မှုထင်ရှားသည့်အတွက်ကြောင့် အဆိုပါ လူများကို ယခုလို ဖမ်းဝရမ်းထုတ် လိုက်ရခြင်းဖြစ်ကြောင်း ယနေ့ မဲဆောက်မြို့၊ ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆူရစီဆွန်ထောင်းဆာရ ထွန်က ဒေသခံသတင်းထောက်များအား ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အခု ပြစ်သတ်မှုမှာ ပါဝင်သူတွေကို ကျနော်တို့ ဖမ်းဝရမ်းထုတ်လိုက်တယ်။ ဒီနေ့ ဖမ်းမယ့်အချိန်မှာ ထွက်ပြေးတိမ်း ရှောင်သွားတယ်။ မြန်မာပြည်ဘက်ကို ထွက်ပြေးမယ်လို့ ကျနော်တို့ ယူဆရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ဖမ်းဆီးဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး ဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ပါတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် သူက ပြော ဆိုသွားသည်။
ဖမ်းဝရမ်းထုတ်လိုက်သည့် သူများထဲမှ ဦးဆောင်သူ ထိုင်းရဲအရာခံဗိုလ်ဖြစ်သူ စုမ်ချိုင်းပင်ကဲ့ယောက်သည် မြန်မာများကို ပစ်သတ်ခဲ့ပြီး ရက်ပိုင်းအတွင်း ၎င်းတာဝန်ကျရာ မဲဆောက်မြို့၊ တောင်ဘက်ခြမ်း ၈၄ကီလိုမီတာ အကွာဝေး အမှတ်(၄၈) ဂိတ်တွင် မိမိကိုယ်ကို ကြိုးဆွဲကျအဆုံးစီရင်ခဲ့ပြီး ကျန်ရှိသည့် (၅)ဦးကို ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု သိရ သည်။
စုမ်ချိုင်းပင်ကဲ့ယောက် သေဆုံးပြီးနောက် အမှတ် (၆)ရဲတိုင်းမှ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် စေလွတ်ထားသည့် ရဲတပ်ကြပ်တဦးလည်း ယမန်နေ့ညတွင် အမည်မသိ သေနတ်သမား အဖွဲ့တဖွဲ့က လာရောက်ပစ်ခတ်ကာ အဆိုပါ ရဲတပ် ကြပ်ကြီး သေဆုံးသွားသည်ဟု သိရသည်။
အဆိုပါ ပစ်သတ်ခံရသည့် ရဲတပ်ကြပ်ကြီးသည် ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဖြစ်စဉ်အားလုံးသိရှိထားခဲ့ရာ အထက်သို့ အစီရင်ခံခဲ့သည့်အတွက် နှုတ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း မဲဆောက်အခြေစိုက် ထိုင်းသတင်းထာက်များက မေးမြန်းခဲ့ရာတွင် တိုင်းမှူးက ပြန်လည်ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၇ ရက် မှ ၃၁ ရက်နေ့အတွင်း အဆိုပါ မြန်မာနိုင်ငံသား(၁၂)ဦးသည် မြန်မာကယ်ရီတဦး၏အကူအ ညီဖြင့် မဲဆောက်မှဘန်ကောက်သို့ တောလမ်းခရီးအတိုင်းအသွား (၄၈)ဂိတ်တွင် ရောက်ရှိစဉ် ၎င်းတို့ကို ဖမ်းဆီးပြီး ဆွေမျိုးသားချင်းများကို တဦးလျှင် ဘတ်ငွေ (၁)သောင်းဖြင့် လာရောက်ရွေးခိုင်းခဲ့ရာတွင် လာရောက်ခြင်းမရှိသဖြင့် အဆို ပါ ရဲအရာခံဗိုလ် စုမ်ချိုင်းပင်ကဲ့ယောက်ဦးဆောင်၍ ထိုင်းဒေသခံရွာသား ၄ဦးနှင့် မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦးတို့နှင့် ပူးပေါင်းကာ ၄င်းမြန်မာ ၉ဦးအား သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
သေနတ်သမားများက အဆိုပါ မြန်မာနိုင်ငံသား(၁၂)ဦးကို ပစ်သတ်ခဲ့ရာတွင် (၇)ဦးသေဆုံး၊ (၂)ဦး ပျောက်ဆုံးကာ (၃)ဦး လွတ်မြောက်သွားခဲ့သည်ဟု ထိုင်းရဲများက ဆိုသည်။
ပစ်သတ်ခံရသူများ၏ ဦးခေါင်းမှ သေနတ်ဒဏ်ရာတွင် ဒဿမ (၃၈နှင့်၂၂) ကျည်အမျိုးအစားများတွေ့ရှိရပြီး လက်ရှိအချိန် တွင် (၉)ဦးထဲမှ (၇)ဦး၏ အလောင်းကို မဲဆောက်ဆေးရုံနှင့် ဖို့ဖတ်မြို့နယ် ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိကာ အဆိုပါ သေဆုံးသူများ၏ အလောင်းများကို သင်္ဂြိုဟ်ရန် ဆွေမျိုးသားချင်းများက မဲဆောက်မြို့တွင် စောင့်ဆိုင်းလျှက်ရှိကြောင်း သိ ရသည်။
ပစ်သတ်ခံရပြီး သေဆုံးသွားသူ(၉)ဦးမှာ စောမူးချဲ့ချဲ့(၂၈)နှစ်၊ စောကျော်ဦး(၂၇)နှစ်၊ နော်ကြို့အေး(၃၂)နှစ်၊ စောဒီဒို့(၂၈) နှစ်၊ စောအကို(၂၇) နှစ်၊ နော်အေးချို(၃၂)နှစ်၊ စောထူးအောင်(၃၅)နှစ်၊ နော်ခရိုး(၃၃)နှစ်နှင့် နော်တင်ချိုအေး(၂၈)နှစ်တို့ ဖြစ်သည်ဟု သိရသည်။
မိမိစားဝတ်နေရေး ပြေလည်ရေးအတွက် ဘန်ကောက်သို့ အလုပ်တက်လုပ်ရန် သွားသည့် အဆိုပါ မြန်မာနိုင်ငံသား ၁၂ဦးသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉)ဦးနှင့် အခြားအမည်မသိ ရွာသား (၃)ဦးတို့ ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ အလုပ်လာရောက်လုပ်ကိုင်ရာတွင် အလားတူ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်မြို့တွင် မြန်မာအလုပ်သမား(၈)ဦးကိုလည်းကောင်း၊ မဲ့လ မတ် မြို့နယ်အတွင်း လွန်ခဲ့သည့်(၇)နှစ်က မြန်မာ(၁၇)ဦးကိုလည်းကောင်း အုပ်စုလိုက်အသတ်ခံရမှုများ ရှိခဲ့ကြောင်း သိရ သည်။